သေလောက်အောင် ချစ်ခဲ့ရတဲ့ ချစ်သူနဲ့ တရားဝင်လမ်းခွဲပြတ်စဲလိုက်ပြီ ဖြစ်ကြောင်း ရင်နာစွာဖြင့် အသိပေးလာတဲ့ ဧငြိမ်းဖြူ

//s9.kh1.co/e0/e0d15e0847c960e4ec401df8637cb51d10887a22.jpeg
အနုပညာရှင်များ

 ၀၃-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မကြာသေးခင် မိနစ်ပိုင်းလောက်က သရုပ်ဆောင် ဧငြိမ်းဖြူရဲ့ လူမှုကွန်ယက်တွင် သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးဝမ်းနည်းစရာသတင်းတစ်ခုကို ရေးသားဝေမျှလာတာ ဖြစ်ပါတယ်။ ဒါကတော့ သေလောက်အောင် ချစ်ခဲ့ရတဲ့ချစ်သူနဲ့ တရားဝင်လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း ရင်နာစွာဖြင့် အသိပေးလာတာ ဖြစ်ပါတယ်။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ စုံတွဲဟာ ချစ်သူသက်တမ်း လေးနှစ်ကျော်မှာ အခုလို လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd-A Nyein Phyu’s Facebook Account 
Photo Crd-A Nyein Phyu’s Facebook Account 
Photo Crd-A Nyein Phyu’s Facebook Account 
Photo Crd-A Nyein Phyu’s Facebook Account 

သေလောက်အောင် ချစ်ခဲ့ရသူမို့ လမ်းခွဲတဲ့ အချိန်မှာလည်း သေလောက်အောင် နာကျင်ရကြောင်း ဧငြိမ်းဖြူမှရေးသားထားပါတယ်။ သူ့ကို ဘယ်လောက်ပဲ နာကျည်းနေပါစေ သူမတို့နှစ်ဦးကို အခြားလူတွေ အမြင်မှာကောင်းသော အမှတ်တရလေးတွေနဲ့ပဲ ကျန်စေချင်ပြီး လမ်းခွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ်ဘာမှ ပြောတော့မှာ မဟုတ်ကြောင်းကိုလည်း ပြတ်သားစွာ ရေးသားထားပါတယ်။ လေးနှစ်ကျော် လွှတ်မချနိုင်ခဲ့ပဲ မရရအောင်ဆုပ်ကိုင်ခဲ့တဲ့ လက်တစ်စုံကို နောက်ဆုံးတော့ လွှတ်ချနိုင်ခဲ့ပြီဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။အခြားသူတွေအတွက် ပေးဆပ်ရင်း ကိုယ့်အတွက် ကိုယ် အသက်ရှုဖို့တောင် မေ့နေတတ်သူမို့ ရှေ့ဆက်ရမယ့်ဘဝမှာ ကိုယ့်ကိုကိုယ် အများကြီး ပြန်ကြည့်ပြီး ကြိုးစားနေထိုင်သွားမှာဆိုတဲ့ အကြောင်းကိုလည်း ပရိသတ်တွေ သိစေဖို့ ရေးသားထားပါတယ်။ ဒီကာလကြီးမှာ အခုလို ကိစ္စမျိုးတွေ အသိပေးရတဲ့အတွက် အားလုံးကို တောင်းပန်ထားပါသေးတယ်။

Photo Crd-A Nyein Phyu’s Facebook Account 
Photo Crd-A Nyein Phyu’s Facebook Account 
Photo Crd-A Nyein Phyu’s Facebook Account 
Photo Crd-A Nyein Phyu’s Facebook Account 

အားလုံး သဘောကျခဲ့ရတဲ့ ချစ်သူနှစ်ဦး အခုလို လမ်းခွဲပြတ်စဲသွားခဲ့ကြတဲ့အတွက် ပရိသတ်တွေက နှမြောနေကြတာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်ရတဲ့ ဧငြိမ်းဖြူကိုကြည့်ပြီး သူမကို ချစ်တဲ့ ပရိသတ်များကစိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ နှစ်ယောက်လည်း သက်ဆိုင်ရာ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-A Nyein Phyu’s Facebook Account 

Photo Crd-A Nyein Phyu’s Facebook Account 
Photo Crd-A Nyein Phyu’s Facebook Account 
Photo Crd-A Nyein Phyu’s Facebook Account 
Photo Crd-A Nyein Phyu’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T