ရေမြောင်းထဲမှာ ပိုးကောင်တွေတွယ်ကပ်ခံပြီးနေနေရတဲ့ စိတ်မနှံ့သူအဖွားအိုတစ်ယောက်ကို ကယ်တင်ခဲ့ကြတဲ့ ပြည်သူများ

//s9.kh1.co/3f/3f0b2329750c1c301d74594ddc5cef869a336d53.png
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ခေတ်ဆိုးစနစ်ဆိုးကြီးမှာ ဒုက္ခရောက်ကြသူတွေလည်း ထုနဲ့ဒေးပါပဲ။ ဒီလိုအခြေအနေဆိုးကြီးမှာ တစ်ယောက်ကိုတစ်ယောက် ဖေးကူရင်း ကောင်းမွန်တဲ့ဝန်းကျင်တစ်ခုကို ဖန်တီးကြရမှာပါ။ ဒီနေ့မှာလည်း ကြည့်မြင်တိုင်မြို့နယ် ဦးကြွယ်ဟိုးလမ်းထိပ် တစ်ဖက်ကားလမ်းရဲ့ ကားတွေရပ်ထားတဲ့ ဘေးရေမြောင်းထဲမှာ တီကောင်တွေ ပိုးကောင်တွေတွယ်ကပ်ခံပြီး နေနေတဲ့အဖွားတစ်ယောက်ကို ပရဟိတအဖွဲ့တစ်ခုက ခေါ်ယူကယ်တင်ခဲ့ပါတယ်။ ကယ်တင်ပြီးနောက်မှာတော့ ရေချိုးသန့်စင်ပေးပြီး သတိပဌာန်ကျောင်းတိုက်{ သဘာဝတရားရိပ်သာ } ကို သွားရောက်ပို့ဆောင်ပေးခဲ့ကြပါတယ်။

Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc
Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc
Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc
Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc

စိတ်မနှံ့ကြတဲ့သက်ကြီးအဖိုးအဖွားတွေဟာ စောင့်ရှောက်သူမရှိတဲ့အခါမှာ သိပ်ပြီးသနားစရာကောင်းလွန်း တဲ့ အခြေအနေဆိုးတွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီလိုအဖိုးအဖွားတွေကို ဝိုင်းဝန်းစောင့်ရှောက်ပြီး လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့နေရာမျိုးကို ပို့ဆောင်ပေးနိုင်မယ်ဆိုရင် အတော်လေးအဆင်ပြေမှာပါ။ လက်ရှိမှာတော့ အဖွားကို စိတ်ချရတဲ့ နေရာပို့ထားပြီးပြီမို့ အဖွားရဲ့ နေထိုင်စားသောက်ရေးဟာ အဆင်ပြေသွားခဲ့ပါပြီ။ ကူညီပေးကြသူတွေကိုလည်း ပြည်သူတွေက ဆုတောင်းစကားတွေ ပြောပေးခဲ့ကြပါတယ်။

Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc
Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc
Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc
Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc

အဖွားကိုတွေ့ရှိခဲ့တဲ့ပုံလေးကို " ဒီနေ့ အစ်ကိုတစ်ယောက်ကိုဖုန်းဆက်ပြီးအကူညီတောင်းလာလို့ အဖွားအိုတစ်ဦးကိုသွားခေါ်ပြီး အဖွားအတွက်သင့်တော်တဲ့နေရာစုံစမ်းပြီး ပရဟိတကလေးတွေ သွားပို့ပေးနေကြပါပြီ။ အဖွားအိုကို ဦးကြွယ်ဟိုး လမ်းထိပ် တစ်ဖက်ကားလမ်းရဲ့ ကားတွေရပ်ထားတဲ့ ဘေးရေမြောင်းထဲကနေ ခေါ်လာခဲ့ရတာပါ။ခနဓာကိုယ်မှာလဲ အညစ်ကြေးတွေနဲ့ပေါ့? တီကောင်တွေကော ပိုးကောင်တွေတောင်ကပ်တွယ်နေပါတယ်။ ကလေးတွေက ရေချိုးသန့်စင်ပြီး အဝတ်လဲ ပေးကြပါတယ်။ အခုတော့ မနွယ် ကလမ်းညွှန်လို့ သတိပဌာန်ကျောင်းတိုက်{ သဘာဝတရားရိပ်သာ } ကို သွားပို့ပေးနေကြပါပြီ။ ဝဋ်ကြွေး ဆိုရင်လဲ ဒီဘဝ ဒီမျှနဲ့ကြေပါစေတော့ (ကမ်းလက်) ပရဟိတအဖွဲ့နှင့်ကူညီပေးသူအားလုံး ဘေးကင်းကျန်းမာကြပါစေ။ " ဆိုပြီး ကူညီပေးခဲ့သူတစ်ယောက် ဝေမျှလာခဲ့ပါတယ်။

Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc
Photo Credit - လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc

သတင်း အရင်းအမြစ်လွှဲမှားနေသော ငါ့ဘဝ ကံကြမ္မာ's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T