တိုက်ပွဲတွေဖြစ်နေတဲ့ကာလအတွင်း စစ်ဘေးရှောင်မိခင်ရဲ့ဗိုက်ထဲကနေ လူ့လောကကြီးထဲကို အောင်မြင်စွာရောက်ရှိလာတဲ့ ကလေးငယ်လေး

//s9.kh1.co/9c/9c585cbee506f1c2ed1527e12e4183a6b09e1d4d.jpg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

တိုက်ပွဲတွေဖြစ်နေတဲ့ကာလအတွင်း စစ်ဘေးရှောင်မိခင်ရဲ့ဗိုက်ထဲကနေ လူ့လောကကြီးထဲကို အောင်မြင်စွာရောက်ရှိလာတဲ့ ကလေးငယ်လေး

အာဏာသိမ်းမှုဖြစ်ပွားအပြီး ချင်းပြည်နယ်၊မင်းတပ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာနေရာတွေ၊တောတောင်တွေထဲ သွားရောက်ပြီး စစ်ဘေးရှောင်နေခဲ့ရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေထဲ ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအများဆုံးပါဝင်နေကြကာ အကူအညီတွေလည်း လိုအပ်လျက်ရှိနေတာဖြစ်ပါတယ်။ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ကတော့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တစ်ခုပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယနေ့သြဂုတ်လ(၃)ရက်နေ့မှာတော့ ချင်းပြည်နယ်၊ မင်းတပ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုက ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ သူမရဲ့ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါကလေးငယ်လေးဟာ တိုက်ပွဲတွေဖြစ်နေတဲ့ကာလအတွင်းမှာပဲ စစ်ဘေးရှောင်မိခင်ရဲ့ဗိုက်ထဲကနေ လူ့လောကကြီးထဲကို အောင်မြင်စွာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မွေးဖွားလာပြီးပြီးချင်း အချိန်ပိုင်းအတွင်းမှာပဲ မျက်လုံးလေးပွင့်လာပြီး မျက်နှာပြုံးရွှင်နေတဲ့ အဆိုပါကလေးငယ်လေးကိုကြည့်ကာ ပြည်သူအများအပြားက ချစ်ခင်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ကလေးမွေးဖွားထားတဲ့ မိခင်ဖြစ်သူရော ကလေးငယ်လေးပါ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရှိရပါတယ်။ ပြည်သူတစ်ဦးကတော့ " တိုက်ပွဲကာလအတွင်း ​မွေးဖွားတဲ့က​လေး​လေး သိပ်ချစ်ဖို့​ကောင်းတယ်ဗျာ သူငယ်ချင်း Nine Shing Aung နဲ့ ညီမ​လေး Yaung Nge တို့ရဲ့ ကြိုးစား​ပေးဆပ်မှု နှင့်အတူ လူ့လောကဆီ အ​ရောက်ပို့​ဆောင်နိုင်ခဲ့တယ်။ တကယ်ကို ​ကျေးဇူးတင်တယ်"ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ မွေးဖွားပြီးပြီးချင်း ပြုံးရွှင်နေတဲ့ ကလေးငယ်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T