ကိုဗစ်ကူးစက်ရောဂါကို အလူးအလဲခံစားခဲ့ရပြီးနောက်မှာ ပြည်သူတွေကိုကူညီဖို့အတွက် မကြာခင်မှာလက်မထောင်ပြီးပြန်လာမယ်ဆိုတဲ့ ရွှေကြာ

//s9.kh1.co/69/6998b1859590bfde792c95d25c62ba6245695004.jpeg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကူးစက်ရောဂါကို အလူးအလဲခံစားခဲ့ရပြီးနောက်မှာ ပြည်သူတွေကိုကူညီဖို့အတွက် မကြာခင်မှာလက်မထောင်ပြီးပြန်လာမယ်ဆိုတဲ့ ရွှေကြာ

ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတွေလည်း ရောဂါကူးစက်ခံရမှာကိုတောင်မကြောက်ဘဲ ပြည်သူများကိုကူညီပေးနေတာဖြစ်ပါတယ်။တချို့ပရဟိတသမားတွေဆိုရင် ကိုဗစ်ကူးစက်ခံရပြီးကြွေလွင့်သွားခဲ့တာတွေလည်းရှိပါတယ်။ဒီလိုမျိုး မိမိတို့ရဲ့အသက်ကိုတောင်ရင်းပြီး လူတွေအပေါ်စေတနာထားပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ လုပ်ရပ်ကို ပြည်သူလူထုကလည်း အရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc

ရွှေကြာလူမှုကူညီရေးအသင်းက မရွှေကြာဆိုရင်လည်း အမျိုးသမီးဖြစ်ပေမယ့် ပရဟိတအလုပ်တွေကိုအားကြိုးမာန်တက်လုပ်ဆောင်သူတစ်ဦးဖြစ်ပါတယ်။သူမကတော့ လွန်ခဲ့တဲ့ (၂၆)ရက်က စတင်ပြီး ကိုဗစ်ကူးစက်ရောဂါကို ခံစားခဲ့ရတာဖြစ်ပါတယ်။ကိုဗစ်ကူးစက်ရောဂါကို တိုက်ထုတ်နေရချိန်မှာ မရွှေကြာက စိတ်ဓာတ်ကြံ့ခိုင်ပြီး သတ္တိအပြည့်နဲ့ ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။အောက်ဆီဂျင်အရေးပေါ်လိုအပ်ချိန်မှာလည်း ကူညီပေးသူတွေရှိခဲ့လို့ သူမအတွက် အဆင်ပြေခဲ့ပါတယ်။

Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc

ဒီနေ့မှာဆိုရင်တော့ မရွှေကြာက ကိုဗစ်ကူးစက်ရောဂါကို အလူးအလဲခံစားရပြီးနောက်မှာ ပြည်သူတွေကိုသတင်းကောင်းလေးပါးလာတာဖြစ်ပါတယ်။အဲ့ဒါကတော့ သူမအနေနဲ့ ရောဂါသက်သာနေပြီး မကြာခင်မှာ ပြည်သူတွေကိုကူညီဖို့အတွက် ပြန်လာနိုင်တော့မှာဖြစ်ပါတယ်။မရွှေကြာက ကျန်းမာရေးပြန်ကောင်းသွားပေမယ့် ရက်အနည်းငယ်လောက်နားနေရဦးမှာဖြစ်လို့ ပရဟိတအလုပ်တွေကို မကြာတော့မယ့်ရက်အတွင်းမှာ ပြန်လုပ်ဆောင်တော့မယ့်အကြောင်းကို ဝမ်းသာစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc
Photo Credit:Shwe Kyar’s Fb acc

Source&Photo Credit:Shwe Kyar’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T