ကိုဗစ်ကြောင့် သေဆုံးသူတွေများပြားနေလို့ ပြည်သူတွေလည်း နေ့စဉ်ရက်ဆက် စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူတွေအားတက်သွားအောင် ကိုဗစ်ကိုအနိုင်ပိုင်းပြီး ရောဂါပျောက်ကင်းလာတဲ့ လူနာတွေရဲ့သတင်းကိုလည်း မျှဝေပေးချင်ပါတယ်။ကိုဗစ်ကူးစက်ရောဂါပိုးကို ခုခံနေကြတဲ့ လူနာတိုင်းက အာဟာရပြည့်ဝအောင်စားသောက်နေထိုင်ပြီး စိတ်ဓာတ်ကိုလည်းခိုင်ခိုင်မာမာ ထားကြတာဖြစ်ပါတယ်။ဒါမှသာလျှင် ကိုယ်ခံအားကောင်းကောင်းနဲ့ ကိုဗစ်ကိုတိုက်ထုတ်နိုင်မှာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုဗစ်ကူးစက်ရောဂါက လူကြီး၊လူငယ်မရွေးမှာ ဖြစ်ပွါးနေပြီး ဆရာဝန်တွေကလည်း ကုသနည်းတွေကို သေချာညွှန်းကြားပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အသက်(၇၃)နှစ်အရွယ် အဘွားတစ်ဦးက ကိုဗစ်ကိုအနိုင်တိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။အဘွားက နှလုံးရောဂါလည်းရှိပြီး အောက်ဆီဂျင်ဆို ၃၀%အထိတောင် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အဘွားက စိတ်ဓာတ်လုံးဝမကျဘဲ အချိန်မှန်အိပ်၊အချိန်မှန်စားပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ၊အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ဆောင်လို့ ၉၇%အထိ ပြန်တက်လာခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိသားစုဝင်တွေကလည်း အဘွားကိုအရမ်းဂရုစိုက်ကြပြီး အစားအစာကိုလည်း ဂရုတစိုက်နဲ့ ပြင်ဆင်ကျွေးမွေးတာဖြစ်ပါတယ်။အဘွားကတော့ အစာစားတိုင်း “ဘာမှမစားချင်ဘူး ဒါပေမယ့်စားမယ် နေအမြန်ကောင်းအောင်အကုန်မျိုချပစ်မှာ”ဆိုပြီး အမြဲပြောလေ့ရှိပါတယ်။အခုဆိုရင်တော့ အဘွားက ကိုဗစ်ကို စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ခုခံနိုင်ခဲ့ပြီး သူစားချင်တာတွေကို အရသာရှိရှိနဲ့ပြန်စားနေနိုင်ပြီဆိုတဲ့အကြောင်းလေးကို ဝမ်းသာစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။