နေ့ခင်းကြောင်တောင် ကားပေါ်တက်ပြီး လုယက်ခဲ့တဲ့ လင်မယားနှစ်ဦးကို ကံကောင်းစွာဖြင့် အမိဖမ်းနိုင်ခဲ့ပုံကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/83/8393dd733e312a364dfb038babe1a7c75fe51113.jpeg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိအချိန်ကာလတွင် စားဝတ်နေရေးခက်ခဲမှုတွေကြောင့် သမာအာဇီဝရှာဖွေ လုပ်ကိုင်ခြင်းမရှိတော့ဘဲ ခိုးဆိုးလုယက်မှုတွေ တစ်နေ့တစ်ခြား ဆိုးရွားလာနေတာ ဖြစ်ပါတယ်။ လူရှင်းတဲ့နေရာများတွင်လည်းနေ့ခင်းကြောင်တောင် လုယက်မှုတွေလည်း အမြဲလိုလို ကြားနေရတာကြောင့် ပြည်သူများဟာ အပြင်ကိုတစ်ယောက်တည်း ထွက်ဖို့ကိုတောင် စိုးရိမ်နေကြပြီ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံတံတားဆင်းဆင်းချင်း တစ်နေရာတွင် လုယက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

​လူရှင်းတဲ့ လမ်းတစ်နေရာတွင်  လင်မယားနှစ်ယောက်ဟာ လုယက်ဖို့အတွက်  ဟိုဘက်ဒီဘက်ကူးရင်း ချောင်းနေခဲ့တာ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်တည်း ကားမောင်းလာတာကို မြင်တဲ့အခါ ထိုမိန်းကလေးရဲ့ ကားကိုတားပြီး အကူညီတောင်းဟန်ပြုလုပ်ခဲ့ကြောင်း ဒီဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးမှ သူ့ရဲ့ လူမှုကွန်ယက်တွင်ရေးသားထားတာ ဖြစ်ပါတယ်။ လုယက်ဖို့ ကြံစည်သူအမျိုးသမီးမှ ကားအနောက်ခန်းတွင် တံခါး locked ချလိုက်ပြီး ဝင်ထိုင်လိုက်ပါတယ်။ ယောကျာ်းဖြစ်သူကိုယ်တိုင် ယာဉ်မောင်းလာတဲ့ မိန်းကလေးအား နှမချင်း ကိုယ်ချင်းမစာမနာဆံပင်ဆွဲ ရိုက်နှက်ရုံတင်မကဘဲ ကားနဲ့ ပိုက်ဆံအိတ်ကို လုကာ ကောင်မလေးကို မြောင်းထဲကန်ချပြီး သတ်ဖို့အထိပါ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အနီးရှိ ကွမ်းယာဆိုင်မှ လူတစ်ချို့မှ ဒီလင်မယားနှစ်ဦးရဲ့ ပုံစံတွေဟာ မရိုးသားဘူးထင်ပြီး စောင့်ကြည့်နေတဲ့အတွက် လုယက်ခံရသူ မိန်းကလေးကို အချိန်မှီကယ်ဆယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

လုယက်ရန် ကြံစည်သူနှစ်ဦးကို အမိအရဖမ်းနိုင်ခဲ့တာကိုလည်း ပုံနှင့်တကွ ဖော်ပြထားတာကိုလည်း မြင်တွေ့ရပါတယ်။ ဒီပို့စ်အောက်တွင် နောက်ထပ်သိရတဲ့ သတင်းအတိအကျကို ပြည်သူတစ်ဦးမှ အခုလို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ အလုခံရတဲ့ ကောင်မလေးနဲ့ လင်မယားနှစ်ယောက်ဟာ ငွေလဲဖို့ ချိန်းထားကြတာဖြစ်ပြီးကောင်မလေးရောက်လာတဲ့အခါ ကားပေါ်တက်ပြီး အနောက်ကနေ လည်ပင်းညှစ်ကာ ပိုက်ဆံပေးဖို့အတင်းအကြပ်ပြုလုပ်ခဲ့ကြတာပါ။ ကောင်မလေးမှ ပိုက်ဆံပေးမယ် လူကိုဘာမှ မလုပ်ပါနဲ့လို့ တောင်းပန်တာတောင် မရပ်သွားဘဲ မြောင်းထဲဆွဲချပြီး ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။ လုယက်ရန် ကြံစည်တဲ့အမျိုးသမီးမှ မယားငယ်မို့ ရိုက်တာပါဆိုပြီး အော်နေခဲ့တာ ဖြစ်ပါတယ်။ အနားက ကောင်လေးနှစ်ယောက်မှ ဝင်ကယ်လိုက်တဲ့အတွက် အဖြစ်မှန်ကိုသိပြီး သူတို့နှစ်ယောက်ကို ဝိုင်းဖမ်းခဲ့ကြတာ ဖြစ်တယ်လို့ ရေးသားထားတာဖြစ်ပါတယ်။ မိန်းကလေးများအနေနဲ့ တစ်ယောက်တည်း သွားလာတဲ့အချိန်ဆို သတိရှိရှိသွားလာကြရန် ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

https://s9.kh1.co/__image/w=650,h=847,q=100/37/3743acacb3d5667456bb0603e7f16f76c61af25a.jpeg
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T