သန်လျင် သဘာဝရိပ်သာမှာ တစ်ရက်တည်း ကိုဗစ်ကြောင့် သေဆုံးသူ အယောက် (၃၀) အထိ ရှိနေတဲ့ ရင်နင့်စရာ မြင်ကွင်းများ

//s9.kh1.co/92/928612c0c168caee4bb58358ffab9e60b2162cab.jpeg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

......

ကိုဗစ် ရောဂါကူးစက်မှု နှုန်းတွေကတော့ မြင့်တက်နေဆဲ ရှိနေတာကို တွေ့ရပါတယ် ။ ဒီအတော်အတွင်း ရောဂါ ပျောက်ကင်းသွားကြသူတွေလည်း ရှိကြသလို သေဆုံးနေကြသူတွေလည်း များစွာရှိနေသေးတာ စိတ်မကောင်းစရာ မြင်ကွင်းတွေပါပဲ ။ သေဆုံးသူတွေ များလို့ ပရဟိတ အသင်းသားတွေ အပြင် သင်္ဂြိုလ်တဲ့နေရာတွေမှာလည်း အတော်လေး အခက်တွေ့နေကြတာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader
Photo Credit : Original Uploader

မနေ့က ဩဂုတ်လ (3)  ရက်နေ့မှာဆိုရင်လည်း သန်လျင် သဘာဝရိပ်သာမှာ ကိုဗစ်ကြောင့် သေဆုံးသူ အယောက် (၃၀) ရှိတယ်လို့ သိရပါတယ် ။ သေဆုံးသူ အလောင်းတွေကို အခန်းငယ် တစ်ခုမှာ စုထားပြီး ပရဟိတ အသင်းတွေက လာရောက် သယ်ဆောင်ပေးနေတာကို ပုံထဲမှာတွေ့ရမှာပါ ။ တကယ်ကို ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတွေပါပဲနော် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒါကြောင့် ဒီထက်ပိုပြီး မဆိုးရအောင် ပြည်သူတွေ အယောက်စီတိုင်းလည်း ကိုယ်ကစပြီး ဂရုစိုက်နေထိုင်ဖို့ အရမ်းလိုအပ်ပါတယ် ။ ဒီကာလမှာတော့ ဖြစ်နိုင်ရင် အိမ်မှာပဲနေသင့်ပြီး မတတ်သာလို့ အပြင်ကို ထွက်ရရင်တောင် ရောဂါပိုးတွေက ကူးစက်ပါလာနိုင်တာမို့ ပြန်ရောက်တာနဲ့ ရေချိုး ၊ လက်ဆေးတာတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါရစေ ။ပရိသတ်ကြီးအတွက် သန်လျင်သဘာဝရိပ်သာက လက်ရှိ အခြေအနေတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T