နည်းစနစ်ကျကျ မဝတ်ဆင်ရင် အရမ်းအန္တရာယ်များတာမို့ PPEဝတ်ပုံအဆင့်ဆင့်ကို သေချာပြောပြပြီး ကိုယ်တိုင်ဝတ်ဆင်ပြနေတဲ့ စိန်ဖြိုးလှိုင်ရဲ့ဗီဒီယို

//s9.kh1.co/8e/8eed53d1183332782d49fdef900ba99d528a7859.jpg
အနုပညာရှင်များ

 ၀၄-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နည်းစနစ်ကျကျ မဝတ်ဆင်ရင် အရမ်းအန္တရာယ်များတာမို့ PPEဝတ်ပုံအဆင့်ဆင့်ကို သေချာပြောပြပြီး ကိုယ်တိုင်ဝတ်ဆင်ပြနေတဲ့ စိန်ဖြိုးလှိုင်ရဲ့ဗီဒီယို

မြန်မာပြည်သူတွေကတော့ ကိုဗစ်ရောဂါကူးစက်မှုကို အလူးအလဲခံစားနေရပြီး ပရဟိတသမားတွေဟာလည်း ပြည်သူတွေကို နေ့မနား၊ညမနားကူညီပေးနေကြပါတယ်။ စိန်ဖြိုးလှိုင်ကလည်း ဒုက္ခရောက်နေတဲ့ လူတွေကို သူတတ်နိုင်သလောက်ကူညီပေးနေသလို ကိုဗစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း ပြည်သူတွေသိရှိအောင် မကြာခဏ မျှဝေပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာတော့ စိန်ဖြိုးလှိုင်တစ်ယောက်ဟာ ပရဟိတသမားတစ်ချို့ နည်းစနစ်မမှန်ဘဲ PPEဝတ်ဆင်ထားကြတာကို မြင်တွေ့နေရတာကြောင့် နည်းစနစ်မှန်မှန်ဝတ်ဆင်တတ်စေဖို့အတွက် ဗီဒီယိုဖိုင်လေးတစ်ခု ချပြလာခဲ့ပါတယ် ။

Photo Credit: sein phyo & yi 's facebook page
Photo Credit: sein phyo & yi 's facebook page
Photo Credit: sein phyo & yi 's facebook page
Photo Credit: sein phyo & yi 's facebook page

စိန်ဖြိုးလှိုင်ကတော့ PPEဝတ်စုံကို စနစ်တကျမဝတ်ဆင်ရင် အရမ်းအန္တရာယ်များတာကြောင့် PPEဝတ်ဆင်ပုံအဆင့်ဆင့်ကို သေသေချာချာ ပြောပြပြီး ကိုယ်တိုင်ဝတ်ဆင်ပြနေခဲ့ပါတယ်။ အဆိုပါဝတ်ဆင်ပြနေတဲ့ ဗီဒီယိုဖိုင်ဟာ ကိုဗစ်ဒုတိယလှိုင်းတုန်းက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပြီး လွဲမှားစွာPPEဝတ်ဆင်နေကြသူတွေအတွက် အခုလိုပြန်လည်ချပြလာခဲ့တာဖြစ်ပါတယ်။သူကတော့ ပရဟိတသမားအများစုကစနစ်တကျ ဝတ်တတ်ကြပေမယ့် တစ်ချို့လူတွေကတော့ PPEကိုဝတ်​ထားပြီး ခါးမှာချွတ်ချီထားတာမျိုး၊ PPE ဝတ်ထားပြီး maskကျမတပ်ထားတာမျိုး၊နည်းစနစ်မမှန်တာမျိုး​တွေ တွေ့မြင်လာရကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit: sein phyo & yi 's facebook page
Photo Credit: sein phyo & yi 's facebook page
Photo Credit: sein phyo & yi 's facebook page
Photo Credit: sein phyo & yi 's facebook page

PPEဝတ်စုံကို စနစ်တကျမဝတ်ဆင်ဘူးဆိုရင် ရောဂါပိုးကိုလည်း မကာကွယ်နိုင်ကြောင်း၊ ပစ္စည်းအစုံအလင်မရှိတာနားလည်ပေမယ့် ပေါ့ဆမှုကြောင့်​တော့ ​ရောဂါမကူးစက်​စေချင်တာကြောင့် ရှိတာလေးနဲ့ ရသ​လောက်​တော့ သတိထားလိုက်နာ​စေလို​ကြောင်းကို စိန်ဖြိုးလှိုင်က ပရဟိတလုပ်နေတဲ့ပြည်သူတွေအတွက် ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ PPEဝတ်ဆင်ပုံအဆင့်ဆင့်ကို သေချာပြောပြနေသလို ကိုယ်တိုင်လည်း ဝတ်ဆင်ပြနေတဲ့ စိန်ဖြိုးလှိုင်ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source: sein phyo & yi 's facebook page

Photo Credit: sein phyo & yi 's facebook page
Photo Credit: sein phyo & yi 's facebook page
Photo Credit: sein phyo & yi 's facebook page
Photo Credit: sein phyo & yi 's facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T