အောက်ဆီဂျင်ရဖို့ တစ်နေကုန်တန်းစီပြီး အိမ်တိုင်ရာရောက် ကူညီပို့ပေးတာတောင် ကိုယ်ချင်းမစာတဲ့လူတစ်ချို့ရဲ့လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ လူငယ်လေးများ

//s9.kh1.co/74/744b693631e638f771c852e487131407d8ed7933.jpeg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အောက်ဆီဂျင်ရဖို့ တစ်နေကုန်တန်းစီပြီး အိမ်တိုင်ရာရောက် ကူညီပို့ပေးတာတောင် ကိုယ်ချင်းမစာတဲ့လူတစ်ချို့ရဲ့လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ လူငယ်လေးများ

ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်လူငယ်တွေက ဒီကာလမှာ ပြည်သူတွေကို အားကြိုးမာန်တက်ကူညီပေးနေကြပေမယ့် သူတို့တွေလည်း အရမ်းပင်ပန်းနေကြပြီဖြစ်ပါတယ်။လက်ရှိအခြေအနေက ပြည်သူအချင်းချင်းဝိုင်းကူဖေးမပေးရမယ့်အချိန်ဖြစ်လို့ ပြည်သူတိုင်းနီးပါးက စည်းလုံးနေကြတာပဲဖြစ်ပါတယ်။ငွေကြေးတတ်နိုင်တဲ့ပြည်သူတွေကလည်း နေရာအစုံမှာ လှူဒါန်းနေကြသလို တချို့တွေကလည်း လုပ်အားဒါနနဲ့ ပရဟိတအလုပ်တွေကိုကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder&nbsp;<br>
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 

တချို့လူငယ်လေးတွေဆိုရင် ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်ရရှိဖို့ တစ်နေကုန်တန်းစီစောင့်ဆိုင်းပြီးအိမ်တိုင်ရာရောက် သွားပို့ပေးကြတာဖြစ်ပါတယ်။လူငယ်လေးတွေက မနက်အစောကတည်းကနေ ည(၁၀)နာရီထိမနားမနေဘဲ ပြည်သူတွေကိုကူညီပေးတာဖြစ်ပါတယ်။လူငယ်လေးတွေက အောက်ဆီဂျင်ရဖို့ ပရဟိတအသင်းတွေမှာ လိုက်တန်းစီပေးတာဖြစ်လို့ တစ်ခါတလေ အိုးလေပေါင်မပြည့်တဲ့အခါလည်းရှိပါတယ်။ညအရမ်းနောက်မကျသေးလို့ အောက်ဆီဂျင်ကုန်သွားခဲ့ရင်လည်း နောက်တစ်ခေါက်ပြန်ရှာပေးကြပါတယ်။

Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 

ပရဟိတလူငယ်လေးတွေလည်း တွယ်တာစရာနှောင်ကြိုးတွေရှိတဲ့အပြင် အသက်တွေကိုရင်းထားရတာကြောင့် သူတို့တွေလည်း တစ်ခုခုဖြစ်မှာကြောက်ကြပါတယ်။ကိုယ်ချင်းမစာကြတဲ့ တစ်ချို့လူတွေဆိုရင် အရမ်းအရေးမကြီးဘဲ အောက်ဆီဂျင်ကို ညဘက်ကိုပို့ခိုင်းပြီး သွားပို့တော့မှ “အိပ်နေလို့၊ဖုန်းဆက်ပိတ်ထားလိို့” စတဲ့အခြေအနေတွေကြောင့် စိတ်မကောင်းဖြစ်စွာနဲ့ ပြန်လှည့်လာခဲ့ရတာတွေလည်း ရှိတယ်လို့သိရပါတယ်။အခက်အခဲများစွာနဲ့ ပြည်သူတွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို ကိုယ်ချင်းစာပေးကြပါလို့ မေတ္တာရပ်ခံရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T