ဖခင်ရဲ့ရက်လည်နေ့မှာ အပင်ပန်းခံချက်ထားတဲ့ ထောပတ်ထမင်းတွေကို ကိုယ်တိုင်ကိုယ်ကျလှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ

//s9.kh1.co/e4/e497277a4e690c3c907cb8d8e776c96b78f2efc0.png
အနုပညာရှင်များ

 ၀၄-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

Covid တတိယလှိုင်းရဲ့ ရိုက်ခတ်မှုတွေကြားမှာ မိသားစုကိုခွဲခွာသွားခဲ့တဲ့ ညီနန္ဒရဲ့ဖခင်ဟာ ဒီနေ့မှာ ရက်လည်သွားခဲ့ပါပြီ။ တစ်သက်လုံးကျန်းကျန်းမာမာရှိနေခဲ့တာကြောင့် တစ်ချက်လေး သတိလွတ်သွားတဲ့အချိန်မှာပဲ ရောဂါဆိုးကြီးရဲ့ဝါးမြိုမှုကိုခံလိုက်ရတာပါ။ မိဘနှစ်ပါးလုံး နေမကောင်းဖြစ်နေတာကြောင့် အတော်လေးစိတ်ပူပြီး အစစအရာရာဂရုစိုက်ပေးခဲ့တဲ့ညီနန္ဒဟာ ကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူကိုလည်း ပိုပြီးဂရုစိုက်ပေးတာကြောင့် အခုဆိုရင်မိခင်ဖြစ်သူဟာ အတော်လေးသက်သာလာခဲ့ပါပြီ။ ဖခင်ရဲ့ရက်လည်နေ့မှာတော့ သူ့ဖခင်အကြိုက်ဆုံးဖြစ်တဲ့ ထောပတ်ထမင်းလေးကို ခင်မင်ရသူတွေနဲ့ အစစအရာရာကူညီပေးသူတွေအတွက် အာဟာရဒါနပြုခဲ့ပါတယ်။

Photo Credit - Nyi Nanda's FB Acc
Photo Credit - Nyi Nanda's FB Acc

ဖခင်ဖြစ်သူအတွက် အလှူလုပ်ခဲ့တဲ့ပုံရိပ်တွေကို " ဒီနေ့ အဖေ့ရက်လည်အလှူအတွက် အဖေအရမ်းကြိုက်တဲ့ " ကိုနန္ဒ ထောပတ်ထမင်း " ရဲ့ မျိုးဆက် " စနိုးဦး ထောပတ်ထမင်း " ပွဲ  (၂၅၀) ကို ဘုန်းကြီးကျောင်းနေ့ဆွမ်း, အဖေ့မိတ်ဆွေအိမ်များ, အဖေအသည်းအသန်ဖြစ်နေချိန် စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန်များ, ကိုဝေဠုကျော် ဖောင်ဒေးရှင်း, ဒီရက်ပိုင်း စိတ်ရောကိုယ်ပါ ပင်ပန်းနေကြတဲ့ ပရဟိတအဖွဲ့များ, အဖေ့ခန္ဓာကိုယ် မီးသဂြိုလ်ခဲ့တဲ့ ကြည်စုသုသာန်မှ ပရဟိတ ဝန်ထမ်းများသို့ ပေးပို့လှူဒါန်းခဲ့ပါတယ် သားတို့ပြုသမျှကုသိုလ်တွေကို ထပ်တူရပြီး ငြိမ်းချမ်းစွာအနားယူပါ အဖေ??? " ဆိုပြီး ဝေမျှခဲ့ပါတယ်။

Photo Credit - Nyi Nanda's FB Acc
Photo Credit - Nyi Nanda's FB Acc
Photo Credit - Nyi Nanda's FB Acc
Photo Credit - Nyi Nanda's FB Acc

အသက်ကြီးတဲ့လူကြီးပိုင်းတွေအနေနဲ့ ဒီရောဂါဆိုးကြီးကိုတွန်းလှန်ဖို့ဆိုရင် ကိုယ်ခံအားကောင်းအောင်နေပြီး အားရှိတာတွေများများစားပေးဖို့လိုအပ်ပါတယ်။ တတ်သိနားလည်တဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း အသေအချာလိုက်နာမယ်ဆိုရင် ဒီရောဂါဆိုးကြီးကို တွန်းလှန်နိုင်မှာပါ။ ကံမကောင်းအကြောင်းမလှလို့ ကွယ်လွန်သွားခဲ့ရသူတွေလည်း ကောင်းရာဘုံဘဝမှာအေးချမ်းပြီး သာယာပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Photo Credit - Nyi Nanda's FB Acc
Photo Credit - Nyi Nanda's FB Acc

သတင်း အရင်းအမြစ်Nyi Nanda's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T