တရုတ်ပြည်နယ်စပ် Qစင်တာမှာ နေရင်း ဆာလောင်မှုဒဏ်ကို မခံနိုင်တော့လို့ အော်ဟစ်ပြီးအကူအညီတောင်းနေရတဲ့မြန်မာလုပ်သားတွေရဲ့ဗီဒီယို

//s9.kh1.co/20/20355aebde0abfa6c0e44ee265cfa60fdd08edf8.jpeg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တရုတ်ပြည်နယ်စပ် Qစင်တာမှာ နေရင်း ဆာလောင်မှုဒဏ်ကို မခံနိုင်တော့လို့ အော်ဟစ်ပြီးအကူအညီတောင်းနေရတဲ့မြန်မာလုပ်သားတွေရဲ့ဗီဒီယို

တရုတ်ပြည်နယ်စပ်ကိုသွားရောက်ပြီး စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေလည်း အခုချိန်မှာ ဒုက္ခအခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ဇူလိုင်လ ပထမအပတ်တုန်းကဆိုရင် ရွှေလီနဲ့ဂျယ်ဂေါင်ထဲမှာ ရှိတဲ့ မြန်မာလုပ်သားရာချီကို တရုတ်ရဲတွေက (၂၁)ရက် Qဝင်ရမယ်ဆိုပြီး Q စင်တာတစ်ခုကို ခေါ်သွားခဲ့ကြပါတယ်။မြန်မာလုပ်သားတွေခမျာ Qဝင်ရမှာဖြစ်လို့ စားသောက်စရာလေးတွေဝယ်ဖို့ ပြောတာတောင် Qစင်တာမှာ အကုန်ကျွေးတယ်ဆိုပြီး ဝယ်ခြမ်းဖို့ခွင့်မပြုခဲ့တာဖြစ်ပါတယ်။

Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot

Qစင်တာမှာ တစ်ယောက်တစ်ခန်းနေထိုင်ရပေမယ့် အခန်းတံခါးကိုအပြင်ကနေ သော့ခတ်ထားလို့ လုံးဝအပြင်မထွက်ရတာဖြစ်ပါတယ်။ဇူလိုင်လအတွင်းမှာတော့ မြန်မာလုပ်သားတွေကို အစားအသောက်ပုံမှန်ကျွေးပေမယ့်ဩဂုတ်လထဲမှာတော့ ခေါက်ဆွဲ (၂)ဘူးနဲ့ ရေသန့် (၃)ဘူးပဲ ရမယ်လို့သိရပါတယ်။ပိုက်ဆံပေးနိုင်မှအစားအသောက်စားရမယ့်အခြေအနေဖြစ်ပေမယ့် မြန်မာလုပ်သားတွေလည်း Lockdown မိပြီး အလုပ်မရလို့ပိုက်ဆံမရှိတာကြောင့် ခေါက်ဆွဲပဲစားနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ခေါက်ဆွဲဘူးတောင် ပုံမှန်လာမပို့ဘဲ တစ်ခါတလေ နေ့လယ်ပိုင်း၊ညနေပိုင်းမှ တစ်ထုပ်လာပို့သွားခဲ့တာဖြစ်ပါတယ်။အခန်းကျဉ်းကျဉ်းလေးထဲမှာ တစ်ရက်ကို ခေါက်ဆွဲနှစ်ဘူးနဲ့ပဲ ဗိုက်ဖြည့်နေရတဲ့ မြန်မာလုပ်သားတွေလည်းဆာလောင်မှုဒဏ်ကိုမခံနိုင်ကြတော့တာဖြစ်ပါတယ်။ဒါ့ကြောင့် အခန်းလေးထဲကနေ “မြန်မာပြည်ကိုပြန်ချင်ပြီ၊ကူညီကြပါဦး၊ဗိုက်ဆာတယ်ဗျို့” စသဖြင့် အော်ဟစ်အကူအညီတောင်းနေတာဖြစ်ပါတယ်။Qစင်တာမှာ ကြုံတွေ့နေရတဲ့ မြန်မာလုပ်သားတွေရဲ့ အခက်အခဲတွေကို စိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T