ဝိုင်းမော်မြို့တွင် ပစ်ခတ်မှုများကြောင့် ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေပျက်စီးရသည့်အပြင် ၀က်များပါကျည်ထိမှန်ကာသေဆုံးခဲ့ရတဲ့ မြင်ကွင်းများ

//s9.kh1.co/e6/e626da9a5ff0f6b5d5ca5671dae8411e6cd94b07.jpg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူတွေက ရရာနည်းလမ်းနဲ့ ဆန္ဒထုတ်ဖော်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကလည်း သူတို့ရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် PDF တပ်ဖွဲ့ဝင်တွေကိုယ်တိုင် မြေပြင်မှာ အမှန်တကယ် တိုက်ပွဲဝင်နေကြပြီး EAOsတွေနဲ့အတူ ပူးပေါင်းကာအာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ပွဲ၀င်နေကြတာဖြစ်ပါတယ်....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မြို့ပြတွေမှာလည်း ပြောက်ကျားဆန္ဒပြပွဲတွေနေ့စဉ်ရက်ဆက်ရှိနေသလို PDFတွေနဲ့ လက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲတွေကလည်း တစ်ဆထက်တစ်ဆပိုမိုအားကောင်းလာနေတာတွေ့ရပါတယ်။ ယမန်နေ့ ဩဂုတ်လ ၃ရက်နေ့ညပိုင်းမှာလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲပြင်းထန်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

လက်နက်ကြီးပစ်သံတွေနဲ့ သေနတ်ပစ်သံတွေအချိန်အတော်ကြာပေါ်ထွက်ခဲ့ပြီးနောက်မှာတော့ ပြည်သူတွေရဲ့ အိုးအိမ်တွေအပြင် ကားတွေပါထိခိုက်ပျက်စီးခဲ့ပြီး လဘန်ကျေးရွာရှိပြည်သူအချို့မွေးထားတဲ့ ၀က်လေးတွေပါ ကျည်ထိမှန်ကာ သေဆုံးကုန်ကြတယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T