သက်ကြီးရွယ်အိုများအတွက် ငှက်သိုက်တစ်လုံးကို မထင်မှတ်လောက်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမယ့် ပြည်သူတစ်ဦး

//s9.kh1.co/5d/5df85484ec65c4d201a050c85fc543adbdb60b63.jpeg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့ ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။ နိုင်ငံရေး အခြေအနေတွေရော ၊ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေရော ဆုံသွားတာကြောင့် အတော်လေး အဆင်မပြေကြတဲ့ ပြည်သူတွေ နေရာတိုင်းမှာ များစွာရှိနေပါတယ် ။ လက်လုပ်လက်စား ပြည်သူတွေဆို ပိုလို့တောင် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို အချိန်တွေမှာ တစ်ချို့တွေက အခွင့်ကောင်းယူကာ ပြည်သူတွေ အလျင်စလို လိုအပ်နေကြတဲ့ ကုန်ဈေးနှုန်းတွေ ၊ ဆေးဝါးတွေကို မတန်တဆ ဈေးတွေတင်ကာ ရောင်းချနေကြတာကို စိတ်မချမ်းမြေ့စွာတွေ့ရပါတယ် ။  ဒီလို အတ္တသမားတွေကြောင့် ခုဆို တကယ်ကို စာနာစိတ်အပြည့်ရှိတဲ့ စေတနာရှင်ပြည်သူတွေ ပူးပေါင်းပြီး လှူဒါန်းမှုတွေ ၊ အဆင်ပြေပြေနဲ့ ဝယ်ယူနိုင်မယ့် နည်းလမ်းတွေကို နေရာ အစုံမှာ ပြုလုပ်လာကြပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီနေ့ဆိုရင်လည်း အပြင်မှာ အရမ်းကို ရှားပါပြီး ဈေးတွေလည်း တက်နေတဲ့  ဌက်သိုက်ကို ငွေသားအနည်းငယ်နဲ့ ရောင်းချမယ့်ပိုစ့်တစ်ခုကိုတွေ့ရပါတယ် ။ ဒီအစီအစဉ်ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ဌက်သိုက်တစ်ဗူးကို သောင်းဂဏန်းလောက် ပေးဝယ်နေရတဲ့ အချိန်မှာ အဆင်မပြေတဲ့ သက်ကြီးရွယ်အိုတွေ အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်ရန် လုပ်ပေးတာလို့လည်း သိရပါတယ် ။ ဌက်သိုက် တစ်ဗူးကို ငွေကျပ် (၅၀၀) နှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပြီး နေရာကတော့ ရန်ကုန်မြို့ ခိုင်ရွှေဝါလမ်းနဲ့ အောင်သပြေလမ်းဒေါင့် ညနေ (၄) နာရီမှာ ရောင်းချပေးမယ်လို့ သိရပါတယ် ။ အဖိုးအဖွားတွေလည်း ငွေအနည်းငယ်နဲ့ ဝယ်ယူနိုင်တာမို့ တကယ်ကို မွန်မြတ်တဲ့ လုပ်ရပ်လေးပါပဲ ။ ပရိသတ်ကြီးအတွက် ဒီသတင်းကောင်းလေးကို ဝေမျှပေးရင်း အားလုံး အဆင်ပြေကြပါစေဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T