ဆန်တစ်ပြည်ကို ငွေ(၁၀၀)ကျပ်တည်းဖြင့် ရပ်ကွက်အလိုက်ကားနဲ့လှည့်ပြီး လိုက်လံရောင်းချပေးနေတဲ့ တောင်ဥက္ကလာစွန္နီဂျာမေ့ဗလီရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/a9/a9804b7a2ee2e1978c79f5eac6b6723dc171d8c1.jpg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဆန်တစ်ပြည်ကို ငွေ(၁၀၀)ကျပ်တည်းဖြင့် ရပ်ကွက်အလိုက်ကားနဲ့လှည့်ပြီး လိုက်လံရောင်းချပေးနေတဲ့ တောင်ဥက္ကလာစွန္နီဂျာမေ့ဗလီရဲ့ဗီဒီယိုဖိုင်

နိုင်ငံရေးအခြေအနေတွေအပါအဝင် ကိုဗစ်ကပ်ရောဂါတွေကြောင့် မြန်မာပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲတဲ့ အခက်အခဲတွေနဲ့ တစ်ခြားပြဿနာတွေများစွာကို ရင်ဆိုင်နေရပါတယ်။ ယခုလို ပြည်သူအများအပြားဒုက္ခရောက်နေချိန်မှာ ကိုယ်ကျိုးကိုသာကြည့်ပြီး စီးပွားရှာနေသူတွေလည်း ရှိသလို ပြည်သူတွေလိုအပ်နေတဲ့ ပစ္စည်းတွေကို ပုံမှန်စျေးအတိုင်းရောင်းချပေးနေသူတွေလည်း ရှိကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာလည်း အခုလိုပြည်သူတွေဒုက္ခရောက်နေချိန်မှာ တတ်နိုင်သလောက်လှူဒါန်းမှုတွေ၊ ပစ္စည်းအစုံအလင်ပါတဲ့ အောက်ဆီဂျင်အိုးတွေကို စျေးနှုန်းချိုသာစွာရောင်းချပေးမှုတွေ ပြုလုပ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယနေ့သြဂုတ်လ(၄)ရက်နေ့မှာတော့ တောင်ဥက္ကလာစွန္နီဂျာမေ့ဗလီ လူမှုကူညီရေးအသင်းဟာ ပြည်သူတွေကို သက်သာတဲ့စျေးနှုန်းနဲ့ ဆန်တွေလိုက်လံရောင်းချပေးနေခဲ့ပါတယ် ။ ရပ်ကွက်အလိုက် ကားနဲ့ လှည့်လည်ပြီး ဆန်တစ်ပြည်ကို ငွေ(၁၀၀)ကျပ်နဲ့ လိုက်လံရောင်းချပေးနေခဲ့တာဖြစ်ပါတယ်။ ပြည်သူတစ်ဦးကို ဆန်တစ်ပြည် ဝယ်ယူလို့ရ​ပြီး စျေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေတာကြောင့် ပြည်သူအများအပြားက ဝမ်းသာပျော်ရွှင်စွာနဲ့ လာရောက်တန်းစီကာ ဝယ်ယူနေကြကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တောင်ဥက္ကလာစွန္နီဂျာမေ့ဗလီ လူမှုကူညီရေးအသင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကြက်ဥ(၅)လုံးကို ငွေ(၁၀၀)ကျပ်နဲ့ ရောင်းချပေးခဲ့သေးတာဖြစ်ပါတယ်။ တောင်ဥက္ကလာစွန္နီဂျာမေ့ဗလီ လူမှုကူညီရေးအသင်းကတော့ " ရွေ့လျား ရောင်းချမှု အစီအစဥ်လေး ဆန်တစ်ပြည်ကို (၁၀၀)ကျပ်ထဲနဲ့ တစ်ယောက်ကို တစ်ပြည်နှုန်း ရပ်ကွက်အလိုက် လိုက်လံရောင်းချပေးနေပါတယ် လှူဒါန်းမှု အပေါ် အလ္လာဟ်ရှင်မြတ်သခင်လက်ခံတော်မူပါစေ "ဆိုပြီး ရေးသားထားပါတယ်။ဆန်တစ်ပြည်ကို ငွေကျပ်(၁၀၀)တည်းနဲ့ ရောင်းချပေးနေတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T