လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တစ်အိမ်လုံးရစရာမရှိအောင် ပျက်စီးသွားခဲ့ရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုကို ပြောပြလာခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/ed/ed6b661e524857643bfe650f01ec3ac93f388c8a.jpeg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် မနေ့ည (၇:၄၀) မှ စတင်ကာ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများ ကျယ်လောင်စွာကြားရပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတစ်ချို့မှ နေအိမ်များသို့ ကျည်ထိမှန်ခဲ့ကြောင့် သတင်းများအရသိရှိရပါတယ်။ ပစ်ခတ်သံများထွက်ပေါ်လာပြီး ည (၁၁) နာရီဝန်းကျင်တွင် ရဟတ်ယာဉ်ပျံသန်းသည့်အသံများပတ်ခတ်သံများ ထပ်မံကြားရကြောင်း ဝိုင်းမော်မြို့မှ ပြည်သူများမှ ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။ 

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

ပစ်ခတ်မှုတွေကြောင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရုံသာမကဘဲ မွေးမြူထားတဲ့ တိရစ္ဆန်များလည်းကျည်ထိပြီး သေဆုံးသွား ခဲ့ရကြောင်း ကနဦးသတင်းများအရ သိရှိရပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေကြောင့် နှစ်ထပ်တိုက်နေအိမ်တစ်လုံး ပြာကျသွားခဲ့ရတဲ့ ဖြစ်စဉ်ကို ဓာတ်ပုံများပါ တစ်ပါတည်း ဝေမျှပေးထားတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဝိုင်းမော်မြို့ပေါ်ရှိ လူနေအိမ်တစ်ချို့မှာလည်း အလားတူဖြစ်စဉ်မျိုး ပစ်ခတ်မှုတွေရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

အခုလို ဖြစ်စဉ်များကြောင့် ထိုဒေသများတွင် နေထိုင်ကြတဲ့ ပြည်သူများက နေ့စဉ်နဲ့အမျှ အန္တရာယ်တွေ ကျရောက်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ပြည်မမှာနေထိုင်ကြသူများကလည်း  နေရာဒေသအစုံမှာ နေထိုင်ကြတဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အခုလို အဖြစ်ဆိုးမျိုးများမှ အမြန်ဆုံး ကင်းဝေးကြဖို့ ဆုတောင်းပေးနေကြပါတယ်။ မနေ့က ဝိုင်းမော်မြို့တွင် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို အားလုံးသိရှိကြစေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T