ပခုက္ကူမြို့က သုဿန်မှာ သင်္ဂြိုဟ်ရတဲ့ အလောင်းတွေများလို့ မီးသင်္ဂြိုဟ်စက် အက်ကွဲ ပျက်စီး သွားရတဲ့ လက်ရှိ အခြေအနေ

//s9.kh1.co/41/415bce13cddfe118c34f5af7c4a4eeda600994a2.jpeg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံရဲ့ နေရာ အနှံ့အပြားမှာတော့ ကိုဗစ်ကြောင့် သေဆုံးနေရသူတွေ များစွာ မြင့်တက်နေဆဲပါပဲ ။  မြို့ကြီးတွေက သုသာန်တွေမှာဆိုရင်လည်း နေ့ရော ညရော သေဆုံးသူတွေ များလို့ မီး မသင်္ဂြိုလ်နိုင်တော့တဲ့ အထိပါ ။ အခုလည်း ပခုက္ကူမြို့က သုသာန်မှာ သင်္ဂြိုလ်ရတဲ့ နှုန်းတွေ တစ်နေ့တစ်နေ့ များနေတာကြောင့် မီးသင်္ဂြိုဟ်စက် အက်ကွဲကာ ပျက်စီးသွားတယ်လို့ သိရပါတယ် ။

Photo Credit : မြေလတ်အသံ Facebook Page 
Photo Credit : မြေလတ်အသံ Facebook Page 
Photo Credit : မြေလတ်အသံ Facebook Page 
Photo Credit : မြေလတ်အသံ Facebook Page 

တနေ့ကို အနည်းဆုံး ( ၁၇ )ဦးကနေ အများဆုံး ( ၃၄ )ဦး အထိ သင်္ဂြိုလ်ပေးနေရတာကြောင့်  မီးအပူရှိန်များပြီး စက်နံရံတွေအက်ကွဲကုန်တယ်လို့ ဆိုပါတယ် ။ ဒါကို  မပြင်ဘဲဆက်သုံးဖို့ကလည်း  စိုးရိမ်စရာ အနေအထားအထိ ရှိနေလို့ ပြင်ဖို့ လိုအပ်တာကြောင့် မဖြစ်မနေ သင်္ဂြိုလ်ရမယ့် ကိစ္စတွေကိုပဲ ဦးစားပေး လုပ်ဆောင်ပေးတော့မယ်လို့လည်း သိရပါတယ် ။

Photo Credit : မြေလတ်အသံ Facebook Page 
Photo Credit : မြေလတ်အသံ Facebook Page 
Photo Credit : မြေလတ်အသံ Facebook Page 
Photo Credit : မြေလတ်အသံ Facebook Page 

ဒီလို အဆင်မပြေမှုတွေကို ရင်ဆိုင်နေရတဲ့ ဒေသခံပြည်သူတစ်ဦးကလည်း " လူတယောက်သေလို့ မီးသဂြိုလ်ရင် သောင်းဂဏန်းကုန်တာ။ အခုတော့ မြေနေရာခ၊ မြေတူးခတွေနဲ့ဆို သိန်းဂဏန်းအထိကုန်နိုင်တယ်။ သေရတာတောင် မလွယ်တဲ့ခေတ်ကြီးပါဗျာ " ရင်ဖွင့် ပြောကြားထားပါတယ် ။ တကယ်ကို စိတ်မကောင်းစရာ ဖြစ်ရပ်တွေပါပဲနော် ။ ပရိသတ်ကြီးအတွက် ပခုက္ကူမြို့က သုသာန်ရဲ့ လက်ရှိ အခြေအနေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : မြေလတ်အသံ Facebook Page 
Photo Credit : မြေလတ်အသံ Facebook Page 
Photo Credit : မြေလတ်အသံ Facebook Page 
Photo Credit : မြေလတ်အသံ Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T