အိမ်အတွင်းထဲထိ စိတ်ကြိုက်မွှေနှောက်ပြီး နှစ်ကြိမ်တိတိ ပစ္စည်းများခိုးယူဖို့ ကြံစည်နေတဲ့ အမျိုးသားနှစ်ဦးရဲ့CCTV ဗီဒီယိုဖိုင်

//s9.kh1.co/b6/b64154ffb7f1b9b2bf1bda871010020f737a021d.jpeg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီရက်ပိုင်းအတွင်း နေအိမ်များသို့ လူစိမ်းများဝင်ရောက်ပြီး အိမ်ရှင်တွေ မသိအောင် ပစ္စည်းတွေခိုးယူနေမှုတွေမကြာခဏ ကြားသိနေရပါတယ်။  မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရပ်ကွက်တစ်ခုရှိ နေအိမ်တစ်အိမ်သို့ နှစ်ကြိမ်တိတိ သူခိုးကပ်ခဲ့တဲ့ ဖြစ်စဉ်ကို ကာယကံရှင် ပြည်သူတစ်ဦးမှ လူမှုကွန်ယက်တွင် ရေးသားထားတာကို မြင်တွေ့ရပါတယ်။ ဇူလိုင်လ (၄) ရက်မှာ တစ်ကြိမ်၊ ဩဂုတ် (၃) ရက်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ သူ့ရဲ့နေအိမ်သို့ သူခိုးကပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ပထမအကြိမ်တုန်းက သူခိုးတစ်ယောက်တည်းသာ ဖြစ်ပြီး ခြံတိုင်ကနေ ဝရံတာကို တွယ်တက်လာခဲ့ပြီး တံခါးတွေဖွင့်မရတဲ့အတွက် ခြံထဲမှာရှိတဲ့ ဂဟေဆော်တဲ့ပုံးကိုသာ ယူသွားခဲ့တာ ဖြစ်ပါတယ်။ သူခိုးရဲ့ပုံစံမှာ အရပ်ရှည်ပြီးလက်မှာတက်တူးနဲ့ ဆံပင်ကို ကြက်တောင်ပုံစည်းထားပါတယ်။ ဒုတိယအကြိမ်မှာတော့ သုံးယောက်လာခဲ့ပြီး တစ်ယောက်က ခြံအပြင်မှာ စောင့်နေခဲ့ပါတယ်။ နောက်နှစ်ယောက်ကတော့ ပထမတစ်ခေါက်ကလိုပဲ ခြံထောင့်ကနေတွယ်တက်ပြီး အပေါ်ထပ်ဝရံတာကနေ ဘုရားခန်းမှန်တံခါးကို ဆံပင်ညှပ်ကပ်ကြေးနဲ့ကလော်ကာ ဝင်လာခဲ့ပြီးအပေါ်ထပ် အောက်ထပ် စိတ်ကြိုက် ဝင်မွှေသွားခဲ့တာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

တံခါးတွေ အကုန် လော့ချထားပြီး ခြံတံခါးသော့ကို ရအောင်ဖွင့်လို့ မရတဲ့အတွက် ကံကောင်းသွားတဲ့အကြောင်းကိုလည်း ပြောပြထားပါတယ်။ မနက် (၃:၄၀) လောက်ကနေ (၄:၁၀) လောက်အထိ ဝင်မွှေနေကြပြီး မီးဖိုချောင်က ဓားတွေလည်း ယူထားကြပါတယ်။ အိမ်ရှိလူတစ်ယောက်ယောက်များ ထွက်လာမိခဲ့ပါက တစ်ခုခုလုပ်မယ့်သဘောရှိတဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ဘယ်နေရာမှာမှ တိုင်လို့မရတဲ့ အခြေအနေကြောင့် ကိုယ်နေထိုင်တဲ့နေအိမ်ကိုတော့ အပြည့်အဝကာကွယ်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ပြည်သူတွေအားလုံး ခိုးဆိုးလုယက်တဲ့ဘေးမှ ကင်းဝေကြစေဖို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T