PDF တွေအလှူငွေမရကြတဲ့ အဓိကအကြောင်းအရင်းနဲ့ နောက်ကွယ်ကဆက်နွယ်မှုတွေကို ပြောပြလာတဲ့ Mandalay STF အဖွဲ့

//s9.kh1.co/34/3437b5b2079bdc5b36b21e0be5c613ed59cfa110.png
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

တောထဲမှာဒုက္ခများစွာခံရင်း ပြည်သူ့အောင်ပွဲကိုယူဆောင်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားပေးနေတဲ့ PDF တွေကို ပြည်သူတွေကလည်း တတ်နိုင်သလောက်ထောက်ပံ့မှုတွေလုပ်ပေးခဲ့ကြပါတယ်။ ထောက်ပံ့မှုတွေ လုပ်နေပေမယ့်လည်း အဖွဲ့တွေများသလို ဘယ်ကိုလှူရမှန်းမသိကြတာတွေ ကြောင့်လည်း PDF တွေ အနေနဲ့ လုံလောက်တဲ့ထောက်ပံ့မှုတွေမရခဲ့လို့ ဒုက္ခရောက်တာတွေလည်း ရှိနေခဲ့ပါတယ်။ ဒီနေ့မှာတော့ Mandalay Special Task Force အဖွဲ့က PDF တွေ ဘာကြောင့် အလှူငွေလုံလုံလောက်လောက် မရတာဆိုတဲ့အကြောင်းအရင်းကို အချက် (၂) ချက်နဲ့ သေချာရှင်းပြလာခဲ့ပါတယ်။

Photo Credit - Mandalay Special Task Force's FB Acc
Photo Credit - Mandalay Special Task Force's FB Acc

ဘာကြောင့်အလှူငွေလုံလောက်အောင်မရတာလဲဆိုတဲ့အကြောင်းကို " PDF တွေဘာလို့ အလှူငွေမရကြတာလဲ အကြောင်းအရင်းက (၂) ခု -ဘယ်ကိုလှူရမှန်းမသိလို့ -ဓာတ်ပုံရိုက်ပြီး လှူကြောင်းပြလို့မရလို့.. ဘယ်ကို လှူရမှန်းမသိတာကျ ပြပေးလို့ရတယ် ဓာတ်ပုံရိုက်ချင်တာကိုတော့ ဘယ်လိုမှလုပ်မပေးနိုင်ဘူး အခုတလောသူဌေးတွေလိုင်းပေါ် ပြန်တက်လာပြီး လှူပြတာကိုတွေ့မှာပါ သူတို့ကဘယ်တော့မှ PDF ကို မလှူဘူး သူတို့အတွက် အကျိုးမရှိလို့ လိုင်းပေါ်မှာပဲ ကျနော့်အကိုဝမ်းကွဲကို ကျနော်သွားအလှူခံသေးတယ်။ ကျနော့်အမျိုးတွေအားလုံးနီးပါး ချမ်းသာကြတယ် ဈေးမှာရွှေဆိုင်တွေ လက်ညိုးထဲမလွဲဘူးပိုင်တယ် " ဆိုပြီး အစချီကာပြောပြခဲ့ပါတယ်။

Photo Credit - Mandalay Special Task Force's FB Acc
Photo Credit - Mandalay Special Task Force's FB Acc

ဒီနောက်မှာလည်း " ကျနော်သွားအလှူခံတော့ အဲ့ကိုလှူရင် သူတို့လုပ်ငန်းထိခိုက်မှာပေါ့တဲ့.. နင်လှူကြောင်း မပြောရင်ရတာပဲ ဆိုတော့ replyတောင်မလာတော့ပါဘူး.. လမ်းထဲမှာတော့ ဆန်နဲ့ငါးခြောက် လိုက်ဝေတယ်ဗျ ဦး+ဒေါ် ဘယ်ရွှေဆိုင်ကောင်းမှုပေါ့ ပြောရရင် ကျနော်တို့လမ်းထဲမှာ ဒီကာလအတွင်း ငတ်သေမယ့်လူတစ်ယောက်မှမရှိပါဘူး ဒါကျနော့်အမျိုးတွေကို ဥပမာထားပြတာနော် ကျန်တဲ့သူဌေးတွေလည်း ဒီအတိုင်းပါပဲ မြန်မာလူမျိုးတွေရဲ့ရှေးရိုးစွဲအယူကိုက လှူရင်ကဗျည်းထိုးခွင့်ရမှ ဘယ်နေရာဖြစ်ဖြစ် စင်ပေါ်တက်လှူခွင့်ရမှ တချို့ကအလှူလို့ထင်တာ၊ ချပြလို့ မရတဲ့အလှုဆိုရင် စိတ်မဝင်စားကြဘူး အဲ့ Logicကြီး ကျနော်တို့လက်ထက်မှာတော့ ထားခဲ့သင့်ပြီ။ သူဌေးမင်းများခင်ဗျာ အခု PDF တွေကို တိုးတိတ်စွာနဲ့လှူခြင်းဖြင့် ကူညီကြပါဗျာ ????? " ဆိုပြီး ပြောပြလာခဲ့ပါသေးတယ်။ လိုအပ်နေသူတွေကို အမှန်တကယ်ထောက်ပံ့ပေးနိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။

Photo Credit - Mandalay Special Task Force's FB Acc
Photo Credit - Mandalay Special Task Force's FB Acc

သတင်း အရင်းအမြစ်Mandalay Special Task Force's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T