(၆၅)နှစ်အထက် အဘိုး၊အဘွားတွေကို စနစ်တကျနေရာမချထားပေးလို့ တစ်ဦးနဲ့တစ်ဦး နီးကပ်နေကြတဲ့ပုံကိုကြည့်ပြီး သူ့ရဲ့အမြင်ကိုပြောလာတဲ့ နေထူးနိုင်

//s9.kh1.co/3b/3b12dd383578031d4e30f9f533f74c07dd5c1e61.jpg
အနုပညာရှင်များ

 ၀၄-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

(၆၅)နှစ်အထက် အဘိုး၊အဘွားတွေကို စနစ်တကျနေရာမချထားပေးလို့ တစ်ဦးနဲ့တစ်ဦး နီးကပ်နေကြတဲ့ပုံကိုကြည့်ပြီး သူ့ရဲ့အမြင်ကိုပြောလာတဲ့ နေထူးနိုင်

ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို လူကြီးလူငယ်မရွေးခံစားခဲ့ရပြီး ကိုဗစ်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်ခဲ့တဲ့ ပြည်သူတွေလည်းရှိသလို  ရောဂါကူးစက်ခံရပြီး အသက်သေဆုံးသွားတဲ့ ပြည်သူတွေလည်း အများအပြားရှိနေကြပါတယ်။ အချို့သက်ကြီးရွယ်အိုတွေဟာလည်း သားသမီးတွေရဲ့ပြုစုစောင့်ရှောက်မှုကြောင့် ရောဂါအခံရှိပေမယ့်လည်း ကိုဗစ်ရောဂါကို ရင်ဆိုင်အံတုနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုမှာတော့ အချို့နေရာတွေမှာ ပြည်သူတွေကို ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ထိုးပေးနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယနေ့သြဂုတ်လ(၄)ရက်နေ့မှာတော့ မုံရွာမြို့က အသက်(၆၅)နှစ်အထက် အဘိုး၊အဘွားတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးခဲ့ပါတယ်။ အခုလိုကာကွယ်ဆေးထိုးပေးရာတွင် အဘိုးအဘွားတွေကို စနစ်တကျနေရာချထားပေးခြင်းမရှိတာကြောင့် နီးနီးကပ်ကပ်တန်းစီပြီး စောင့်ဆိုင်းနေကြရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်နေထူးနိုင်ကတော့ အသက်(၆၅)နှစ်အထက်အဘိုး၊အဘွားတွေကို သေသေချာချာနေရာချထားပေးခြင်းမရှိလို့  တစ်ဦးနဲ့တစ်ဦး နီးကပ်နေကြတဲ့ပုံကိုကြည့်ပြီး သူ့ရဲ့အမြင်ကိုပြောလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit:  nay htoo naing ' s facebook acc 
Photo Credit: nay htoo naing ' s facebook acc 

နေထူးနိုင်ကတော့ " အနယ်နယ်အရပ်ရပ်မှာ အသက် (၆၅)နှစ်အထက်တွေ ​ဆေးထိုးတာစီစဉ်သူတွေ ​သေချာ​လေး လုပ်သင့်တယ်လို့မြင်ပါတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ပြည်သူတွေကလည်း အခုလိုဖြစ်ရပ်မျိုး နောက်မဖြစ်ရလေအောင် သက်ကြီးရွယ်အိုတွေကို စနစ်တကျနေရာချထား​ပေးသင့်ကြောင်း ပြောဆိုနေကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် ကြိတ်ကြိတ်တိုးတန်းစီစောင့်ဆိုင်းနေကြတဲ့  မုံရွာမြို့က အဘိုး၊အဘွားတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: nay htoo naing ' s facebook acc 

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit:  nay htoo naing ' s facebook acc 
Photo Credit:  nay htoo naing ' s facebook acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T