ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ လက်ရှိအခြေအနေကတော့ (၆)လကျော်ရှိသွားပေမယ့် ပြည်သူတွေက အားမလျော့သေးတာဖြစ်ပါတယ်။ထောင်ထဲရောက်နေတဲ့ပြည်သူတွေ၊အသက်ဆုံးရှုံးသွားရတဲ့သူရဲကောင်းတွေအတွက် ဒီမိုကရေစီရရှိဖို့ ပိုပြီးကြိုးစားနေကြတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးလုပ်နေစဉ်မှာပဲကိုဗစ်တတိယလှိုင်းက ဝင်ရောက်လာခဲ့ပြီဖြစ်လို့ ပြည်သူတွေလည်း အခြေအနေအမျိုးမျိုးကို ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

Photo Credit:Bahan information 
Photo Credit:Bahan information 
Photo Credit:Bahan information 

ပြည်သူတွေလည်း ကိုယ်တိုင်ခက်ခဲနေပေမယ့် မိမိထက် ပိုပြီးဒုက္ခရောက်နေသူတွေကို ကူညီဖေးမပေးတာဖြစ်ပါတယ်။ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ သူရဲကောင်းတွေကိုလည်း ပစ်မထားဘဲ တတ်နိုင်တဲ့နေရာကနေ ကူညီနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ စေတနာရှင်ပြည်သူတစ်စုက အင်းစိန်ထောင်ထဲမှာ ဒုက္ခမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့သူရဲကောင်းတွေအတွက် စားစရာလေးတွေပြင်ဆင်ပြီး သေချာထုတ်ပိုးကာ ထောင်ဝင်စာသွားပို့ပေးကြတာဖြစ်ပါတယ်။

Photo Credit:Bahan information 
Photo Credit:Bahan information 

ထောင်ထဲမှာဆိုရင် အစားအသောက်အဆင်မပြေမှုတွေရှိတယ်လို့ ကြားသိနေရပြီး နေရေး၊ထိုင်ရေးကပါ အရမ်းခက်ခဲနေတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူတွေရဲ့ အလှူငွေနဲ့  စေတနာရှင်တစ်စုက မုန့်လေးတွေအပြင်ကြက်သားကြော်၊ငါးခြောက်ကြော်တွေကို ကိုယ်တိုင်ကြော်လှော်ပြီး (၂)ပတ်တစ်ကြိမ် သွားပို့ပေးနေကျဖြစ်ပါတယ်။အခုလိုမျိုး အများအကျိုးအတွက် ပေးဆပ်လိုက်ရတဲ့ သူရဲကောင်းတွေကို မေ့မထားဘဲ အမြဲကူညီပေးနေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Bahan information 
Photo Credit:Bahan information 
Photo Credit:Bahan information 

Source&Photo Credit:Bahan information 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။