ရေဘေးသင့် ဒေသတွေအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းများကို အစွမ်းကုန် လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/c1/c1c62a52643b7cb1607201bf6ad231c8c7e1b56e.jpeg
အနုပညာရှင်များ

 ၀၄-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

 တောင်တန်းဒေသ အချို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရေကြီး ရေလျှံမှုတွေဖြစ်ပြီး ဒေသခံတွေခမျာ ရေဘေးကို ကြုံတွေ့ ခံစားနေကြရပါတယ် ။ တစ်ချို့နေရာတွေဆို အိမ်ခေါင်းမိုးတွေ နစ်မြုပ်သည်အထိ ဆိုးရွားနေတာတွေ့ရပါတယ် ။ ကိုဗစ်က တစ်မျိူး ရေဘေးကတစ်မျိုးနဲ့ ကပ်ဆိုးကြီး နှစ်ခုကို ပြိုင်တူ ရင်ဆိုင်နေကြရတာ စိတ်မကောင်းစရာပါပဲ ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

​ဒါကြောင့်လည်း ရေဘေးသင့် ဒေသခံတွေ အတွက် ပြည်မကပြည်သူတွေ စုပေါင်းပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ၊ အစားအသောက်တွေ လှူဒါန်းပေးလျက်ရှိပါတယ် ။ ဒီလို လှူဒါန်းပေးနေကြသူတွေ အထဲမှာ မင်းသမီးကြီး ခိုင်နှင်းဝေလည်း အပါအဝင်ပါပဲ ။ ရေဘေးသင့်နေရာတွေကို လှူဒါန်းရန် မှာယူထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရောက်ချင်းပဲ မြဝတီမြို့က ပရဟိတ အသင်းတွေကို လှူဒါန်းခဲ့တယ်လို့ဆိုပါတယ် ။ 

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ဒါ့အပြင် နောက်ထပ် လိုအပ်တဲ့ နေရာတွေကိုလည်း ထပ်မံ လှူဒါန်းဖို့ အစီအစဉ်တွေရှိသေးတဲ့ အကြောင်းကို " ရေကြီးနေသော နေရာများသို့ လှူဒါန်းရန် အတွက် မှာထားသော ကယ်ဆယ်ရေး ပစ္စည်းများ ထပ်မံရောက်ရှိလာပါပြီရှင်...ပထမ အသုတ် ပစ္စည်းများကို မြဝတီ မြို့မှ ကယ်ဆယ်ရေး ပရဟိတ "Z-RESCUE "အဖွဲ့သို့ ပေးပို့ လှူဒါန်းထားပြီး နောက်ထပ် လိုအပ်တဲ့ နေရာများသို့လဲ ဆက်လက် ပေးပို့ လှူဒါန်းသွားပါမယ်ရှင်..လူ့ အသက်များကို ကယ်တင်နိုင်ရန် လိုအပ်သော ပစ္စည်းများကို ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံး စုပေါင်း၍ ကုသုလ်ယူသော အလှူလေးပဲ ဖြစ်ပါတယ်ရှင်..."ဆိုပြီး ရေးသားဖော်ပြထားရာ အရေးကြုံရင် ရှေ့ဆုံးကနေ ကူညီပေးနေတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကို လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source  & Photo Credit : Khine Hnin Wai Facebook Page 
Source  & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T