ကိုဗစ်သံသယနဲ့သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေကိုယ်စား ကိုယ်တိုင်မီးရှို့ပြီး သဂြိုလ်ပေးနေတဲ့ သထုံက ပရဟိတလူငယ်များ

//s9.kh1.co/33/3396f480c5cc9151aa8bd11d04aaaec1a4271585.jpg
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်သံသယနဲ့သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေကိုယ်စား ကိုယ်တိုင်မီးရှို့ပြီး သဂြိုလ်ပေးနေတဲ့ သထုံက ပရဟိတလူငယ်များ

ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားက ပြည်သူအချို့ဟာ အသက်သေဆုံးနေကြကြောင်း စိတ်မကောင်းစွာနဲ့သိရှိရပါတယ်။ ပရဟိတသမားတွေလည်း ရောဂါကူးစက်မှုတွေ ရှိနေတဲ့ ကြားကပဲ အားသွန်ခွန်စိုက်နဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ကာ အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို ကူညီပေးနေကြပါတယ်။အသက်သေဆုံးတဲ့ ပြည်သူတွေများပြားလွန်းတာကြောင့် လူငယ်တွေဟာလည်း ပရဟိတအလုပ်တွေဝင်ရောက်လုပ်ကိုင်ပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယနေ့သြဂုတ်လ(၄)ရက်နေ့မှာတော့ မွန်ပြည်နယ်၊ သထုံမြို့ကပရဟိတလူငယ်များဟာ ကိုဗစ်သံသယနဲ့သေဆုံးသွားတဲ့ ပြည်သူ(၈)ဦးရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်မီးရှို့ပြီး သဂြိုလ်ပေးနေခဲ့ပါတယ်။ သက်တန့်ရောင်စဥ်လူငယ်ပရဟိတနှင့်နာရေးကူညီမှုအသင်းမှ ပရဟိတလူငယ်တွေဟာ မီးသဂြိုလ်ဖို့အတွက် တာယာတွေ၊ထင်းတွေကို အပင်ပန်းခံပြီး ကိုယ်တိုင်သယ်နေခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါလူငယ်တွေကတော့ ကိုဗစ်ရောဂါကူးစက်မှာကို ကြောက်ပေမယ့်လည်းပရဟိတစိတ်ဓာတ်အပြည့်နဲ့  မိသားစုဝင်တွေကိုယ်စား မီးရှို့သဂြိုလ်ပေးနေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတွေကတော့ အခုလိုအစစအရာရာကူညီပေးနေတဲ့ အဆိုပါပရဟိတသမားတွေကို ချီးကျူးနေကြပါတယ်။ ကူညီပေးခဲ့တဲ့ ပရဟိတသမားတစ်ဦးကတော့ " (၄.၈.၂၀၂၁)သထုံမြို့နေ့လည်(၁၂:၀၀)အချိန်ထိ နေ့လည်တစ်ဖြတ် ကိုဗစ်သံသယဖြင့် သေဆုံးသူ(၈)ဦးအားမိသားစုဝင်များကိုယ်စား သက်တန့်ရောင်စဉ်မှ စတင်ကူညီသဂြိုလ်မှုပြုပါပြီ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။  ကိုဗစ်သံသယနဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မီးရှို့သဂြိုလ်ပေးနေတဲ့ သထုံက ပရဟိတလူငယ်တွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T