ဖခင်ဖြစ်သူဦးမေတ္တာ စပြီးနာမည်ကြီးခဲ့တဲ့ပြဇာတ်လေးကိုကြည့်ပြီး အမှတ်တရတွေကိုသတိရကာ ခံစားနေရတဲ့သားလေးမေတ္တာမြင့်မြတ်ဟိန်း

//s9.kh1.co/28/28284d52c43a644734a311c1fe6dcf96e3a56cbd.jpeg
အနုပညာရှင်များ

 ၀၅-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဖခင်ဖြစ်သူဦးမေတ္တာ စပြီးနာမည်ကြီးခဲ့တဲ့ပြဇာတ်လေးကိုကြည့်ပြီး အမှတ်တရတွေကိုသတိရကာ ခံစားနေရတဲ့သားလေးမေတ္တာမြင့်မြတ်ဟိန်း

အနုပညာလောကထဲမှာ ဝါရင့်အနုပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေတာကြောင့် ပြည်သူတွေလည်း နှမျောနေကြတာဖြစ်ပါတယ်။ဟာသလူရွှင်တော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးမေတ္တာကလည်းဩဂုတ်လ(၂)ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ဦးမေတ္တာရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်တွေကတော့ အခုထိ အရမ်းဝမ်းနည်းနေကြဆဲပဲဖြစ်ပါတယ်။ဦးမေတ္တာရဲ့ အနုပညာတွေကလည်း ပရိသတ်တွေရဲ့ရင်ထဲမှာ ထာဝရတည်ရှိနေမှာပဲဖြစ်ပါတယ်။

Photo Credit:Myittar Myint Myat Hein’s Fb acc 

ဦးမေတ္တာရဲ့သားလေး မေတ္တာမြင့်မြတ်ဟိန်းကတော့ ဖခင်ရဲ့အနုပညာအမွေကိုဆက်ခံပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေပြီဖြစ်ပါတယ်။မေတ္တာမြင့်မြတ်ဟိန်းကလည်း အဖေတူသားဖြစ်ပြီး လူချစ်လူခင်ပေါများသူတစ်ယောက်ဖြစ်ပါတယ်။မေတ္တာမြင့်မြတ်ဟိန်းက ဖခင်ကိုဆုံးရှုံးလိုက်ရတာ ရက်ပိုင်းပဲရှိသေးတာကြောင့် အမှတ်တရတွေကို ပြန်သတိရပြီး ဝမ်းနည်းခံစားနေတာဖြစ်ပါတယ်။ဦးမေတ္တာက သားဖြစ်သူစင်ပေါ်မှာသီဆိုဖျော်ဖြေနေရင်ပရိသတ်တွေကြားထဲကနေ သားလေးကိုအားပေးတတ်သူဖြစ်ပါတယ်။

Photo Credit:Myittar Myint Myat Hein’s Fb acc 
Photo Credit:Myittar Myint Myat Hein’s Fb acc 
Photo Credit:Myittar Myint Myat Hein’s Fb acc 
Photo Credit:Myittar Myint Myat Hein’s Fb acc 
Photo Credit:Myittar Myint Myat Hein’s Fb acc 
Photo Credit:Myittar Myint Myat Hein’s Fb acc 

ဦးမေတ္တာကလည်း ပြဇာတ်ခေတ်တွေကတည်းက နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပြဇာတ်တွေက အခုချိန်ထိမရိုးသွားသေးတာဖြစ်ပါတယ်။မေတ္တာမြင့်မြတ်ဟိန်းက ဖခင်ဖြစ်သူ ပြဇာတ်ကနေတဲ့ဗီဒီယိုလေးကို ပြန်ကြည့်ပြီး အဖေ့ကိုမျှော်နေတာဖြစ်ပါတယ်။ဖခင်ဖြစ်သူ မရှိတော့တာကို သိပေမယ့်လည်း ဘယ်လိုမှဖြည်မဆည်နိုင်ဘဲနေ့စဉ်ရက်ဆက်သတိရနေတာဖြစ်ပါတယ်။ပရိသတ်တွေကို အနုပညာစွမ်းရည်တွေနဲ့ ဖျော်ဖြေခဲ့တဲ့ ဦးမေတ္တာရဲ့တစ်ခေတ်ကပြဇာတ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Myittar Myint Myat Hein’s Fb acc 
Photo Credit:Myittar Myint Myat Hein’s Fb acc 
Photo Credit:Myittar Myint Myat Hein’s Fb acc 
Photo Credit:Myittar Myint Myat Hein’s Fb acc 

Photo Credit:Myittar Myint Myat Hein’s Fb acc 

Source&Video Credit:Myittar Myint Myat Hein’s Fb acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T