သူ့ရဲ့ရင်သွေးလေးကို လွယ်ထားရတဲ့ ချစ်ဇနီးလေးကို ကြည့်ပြီး ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဖွင့်ဟလာတဲ့ နက္ခတ်

//s9.kh1.co/81/815e0ca029633f2611e823408e8798eabac1d096.jpeg
အနုပညာရှင်များ

 ၀၅-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် နက္ခတ်ကတော့ လွန်ခဲ့တဲ့ လပိုင်းလောက်က ချစ်ရတဲ့ ချစ်သူလေးနဲ့ လက်ထပ်ထားပြီး ရင်သွေးလေးပါ ရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေအား အသိပေးပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နက္ခတ်တို့ ဇနီးမောင်နှံကို လိုက်ဖက်လှတဲ့ အတွဲလေးအဖြစ် သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း နက္ခတ်ရဲ့ လူမှုကွန်ယက်တွင် သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ပုံရိပ်တွေကို ဝေမျှပေးရင်း သူ့ရဲ့ရင်သွေးလေးကို လွယ်ထားရတဲ့ ချစ်ဇနီးလေးကို မြင်ရတိုင်း ဖြစ်ပေါ်လာတဲ့ ရင်ထဲကခံစားချက်တွေကို ပွင့်လင်းစွာဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 

ကိုယ်တိုင် အိမ်ထောင်ကျသွားတော့မှ ဇနီးလေးကို ကြည့်ပြီး အိမ်ထောင်ရှင် မိန်းကလေး ဖြစ်ရတဲ့ ဘဝက မလွယ်ဘူးဆိုတာ သိသွားခဲ့ရပါတယ်။ ချစ်ရတဲ့ ဇနီးလေးမှ ကိုယ့်ရဲ့ ရင်သွေးလေးကို လွယ်ထားတယ်ဆိုတဲ့အသိက ဘာနဲ့မှ လဲလို့မရအောင် ကြည်နူးရကြောင်း ရေးသားထားပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ဝန်ဆာင်သည်ဘဝဟာ တော်တော်ခက်ခဲတယ်ဆိုတာကိုလည်း ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ အချိန်မှာမှ သေချာသိရှိပြီး နားလည်သွားကြောင်းကိုလည်း ဖွင့်ဟထားပါသေးတယ်။ ကိုယ်ဝန်ဆောင်ထားရတာကြောင့် နေရထိုင်ရအဆင်မပြေတဲ့ ဇနီးဖြစ်သူကို ကြည့်ပြီး သနားမိကြောင်းနဲ့ ကိုယ်တိုင် ဖခင်ဖြစ်တော့မှာ ဖြစ်တဲ့အတွက် ရင်သွေးလေးအတွက် အစစ အရာရာတွေးတောပြီး အရာရာကို ဆင်ခြင်ပြီး နေထိုင်လာမိတဲ့ အကြောင်းကိုလည်း ပရိသတ်တွေ သိရှိကြစေဖို့ ပြောပြထားတာ ဖြစ်ပါတယ်။

Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 

သူတို့နှစ်ယောက်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ ရင်သွေးလေးအတွက် ရင်ထဲမှာ ခံစားရတဲ့ ဝမ်းသာပျော်ရွှင်မှုတွေဟာ ဘာနဲ့မှ လဲလို့မရနိုင်အောင်ကိုပင် ကြည်နူးပီတိဖြစ်နေကြတာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကိုချစ်ခင်ကြသူများလည်း ထပ်တူပျော်ရွှင်ကြမယ်လို့ ယုံကြည်ကြောင်းကိုလည်း ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီအချိန်ဟာ မိန်းကလေးတစ်ဦးအတွက် သိပ်ကိုအရေးကြီးတဲ့အတွက် ဇနီးဖြစ်သူကိုအသေးစိတ်ကစပြီး ဂရုစိုက်ဖို့ နက္ခတ်ကို comment များ ရေးသားပြီး မှာနေကြတာကို မြင်တွေ့ရပါတယ်။ ကြည်နူးစရာကောင်းတဲ့ နက္ခတ်တို့ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကိုလည်း အားလုံးကြည့်ရှုလို့ ရနိုင်စေရန် တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Nat Khat’s Facebook Account 

Photo Crd-Nat Khat’s Facebook Account 
Photo Crd-Nat Khat’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T