လည်ပင်းကိုဓားနဲ့လှီးပြီး ခေါင်းရိုက်ခံလိုက်ရတဲ့ မြန်မာလုပ်သားတစ်ဦးအတွက် စက်ရုံကမဖြေရှင်းပေးလို့ အလုပ်မဆင်းဘဲဆန္ဒပြနေကြတဲ့ ထိုင်းရောက်မြန်မာများ

//s9.kh1.co/f4/f4b224d6021d39bcd4b1c44db6dd726ca2b5075c.jpeg
နေ့စဉ်သတင်းများ

 ၀၅-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လည်ပင်းကိုဓားနဲ့လှီးပြီး ခေါင်းရိုက်ခံလိုက်ရတဲ့ မြန်မာလုပ်သားတစ်ဦးအတွက် စက်ရုံကမဖြေရှင်းပေးလို့ အလုပ်မဆင်းဘဲဆန္ဒပြနေကြတဲ့ ထိုင်းရောက်မြန်မာများ

မြန်မာပြည်သူ၊ပြည်သားတချို့ကတော့ မိမိတို့ရဲ့စားဝတ်နေရေး အဆင်ပြေဖို့အတွက် နယ်စပ်တွေနဲ့ တချို့နိုင်ငံတွေမှာ အလုပ်သွားရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ထိုင်းနိုင်ငံဘက်ကိုလည်း မြန်မာပြည်သူတွေအများအပြားရောက်ရှိနေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်တော့ ထိုင်းနိုင်ငံအတွင်းက စက်ရုံတစ်ခုမှာ ထိုင်းနိုင်ငံသား (၆)ဦးက မြန်မာလုပ်သားတစ်ဦးကို အုပ်စုဖွဲ့အနိုင်ကျင့်ခဲ့တာဖြစ်ပါတယ်။မြန်မာလုပ်သားလည်းလည်ပင်းကိုဓားနဲ့လှီးခံရတဲ့အပြင် ခေါင်းကိုပါရိုက်ခံလိုက်ရတာဖြစ်ပါတယ်။

Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc

မြန်မာလုပ်သားကတော့ ဒဏ်ရာတွေရရှိသွားပေမယ့် စက်ရုံဘက်က ဒီကိစ္စကိုမဖြေရှင်းပေးခဲ့ဘူးလို့သိရပါတယ်။မြန်မာပြည်သူတွေက ဘယ်နိုင်ငံကိုပဲရောက်နေပါစေ အချင်းချင်းစည်းလုံးညီညွှတ်ကြပြီး ဖေးမကူညီပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း နစ်နာသွားတဲ့ မြန်မာလုပ်သားတစ်ဦးအတွက် စက်ရုံမှာအလုပ်လုပ်နေကြတဲ့မြန်မာလုပ်သားများက အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ဒီလိုပြဿနာဖြစ်ပွါးခဲ့တဲ့ အကြောင်းရင်းကတော့ ထိုင်းလူမျိုးအလုပ်ခေါင်းဆောင် အမျိုးသမီးကို ထိုင်းနိုင်ငံသားအမျိုးသားတစ်ဦးက ထိုးကြိတ်နေလို့မြန်မာလုပ်သားက ဝင်တားခဲ့တာဖြစ်ပါတယ်။

Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc

အဲ့ဒါကြောင့် ဝင်ရောက်တားဆီးခဲ့တဲ့ မြန်မာလုပ်သားကို အငြိုးထားပြီး အလုပ်အပြန်ကိုစောင့်ဆိုင်းကာ အုပ်စုလိုက်အနိုင်ကျင့် ဓားနဲ့ခုတ်တာလို့ CDရုံမှ မြန်မာတစ်ဦးကပြောပြခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံ ဖိကဆင် 91 Cal-Comp Electironcs စက်ရုံထဲမှာ မြန်မာအလုပ်သမားတွေလည်း ညဆိုင်းမဆင်းဘဲ ဒီကိစ္စကိုဖြေရှင်းပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။အခုလိုမျိုး မိမိတို့ရဲ့လူမျိုးတစ်ယောက် ထိခိုက်နစ်နာခဲ့တာကို တစ်ဖက်တစ်လမ်းကနေကူညီပေးနေကြတဲ့ ထိုင်းရောက်မြန်မာတွေရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc
Photo Credit:Ye Min’s Fb acc

Source&Photo Credit:Ye Min’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T