တောထဲမှာ တောင်ကျရေတက်တဲ့အခါတိုင်း ခက်ခဲစွာဖြင့် ဖြေရှင်းခဲ့ရတဲ့အခြေအနေတွေကို ပြသလာတဲ့ PDF လူငယ်လေးတစ်ဦး

//s9.kh1.co/6f/6fb550b3ec8746ce7dfbac4ef1c76ab79da16777.jpeg
နေ့စဉ်သတင်းများ

 ၀၅-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့ကြတဲ့ လူငယ်လေးတွေဟာ လက်ရှိအချိန်တွင် တော်လှန်ရေးတိုက်ပွဲများ ပြင်ဆင်ရန်အတွက် လွတ်မြောက်နယ်မြေများသို့ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ကျိုးအတွက်တောင် မငဲ့ဘဲ တောတောင်တစ်နေရာတွင် ပင်ပန်းဆင်းရဲစွာ နေထိုင်နေကြရတာကိုလည်း ပြည်သူတွေသိရှိကြစေဖို့ ဓာတ်ပုံလေးတွေ အမြဲဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတိုက်ပွဲဝင်နိုင်ဖို့ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေ များစွာလိုအပ်နေတာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်လေးတစ်ဦးမှ စခန်းရဲ့ တာဝန်ရှိသူများရဲ့ ခွင့်ပြုချက်ရယူပြီး တောထဲတွင် ခက်ခဲမှုတွေ များစွာဖြင့် နေထိုင်နေရပုံတွေကို ဝေမျှပေးလာတာ ဖြစ်ပါတယ်။ တောထဲတွင် မိုးဆက်တိုက်ရွာနေတာ ရက်(၂၀) ကျော်ပြီဖြစ်တာကြောင့် မိုးရေခံပြီး သောက်သုံးနေကြရပါတယ်။ မိုးရွာသွန်းတဲ့ အရှိန်ကြောင့် ရေစီးနဲ့ တံတားတွေ မျောကုန်တဲ့အတွက် ချောင်းရေကျတဲ့ အချိန်တွင် တံတားလေးကို ခက်ခက်ခဲခဲ ပြန်တည်ဆောက်နေကြတဲ့ ပုံလေးတွေကိုပါ ဝေမျှပေးထားပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/a2/a2aeff5d03c7739a0991fc031ae80437f2270250.jpeg
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ပြည်သူတွေ လှူဒါန်းပေးတဲ့ ရိက္ခာတွေ သယ်ယူတဲ့အခါ ကြမ်းတမ်းတဲ့ လမ်းမှာ မောင်းနှင်ဖို့ 4wheel ကားမရှိတဲ့အတွက် အနီးဆုံးရွာကနေ တောထဲကို ပစ္စည်းတွေ သယ်ယူဖို့ အသွားအပြန် (၄) နာရီခွဲ လမ်းလျှောက်သယ်ယူနေကြရတဲ့ အခြေအနေတွေကိုလည်း ပြောပြထားပါသေးတယ်။ ပြည်သူတွေက သူတို့ကို အားကိုးသလို PDF လူငယ်တွေကလည်း ပြည်သူတွေအပေါ် ပြန်အားကိုးနေရတဲ့အတွက် လိုအပ်တဲ့ လှူဒါန်းမှုတွေ တတ်နိုင်သလောက် ကူညီပေးကြဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။ ငွေသားကူညီမှုတင်မကဘဲ အစားအသောက်၊ အသုံးအဆောင်၊ဆေးဝါးနဲ့ လိုအပ်တဲ့ ပစ္စည်းများကိုလည်းလှူဒါန်းနိုင်တဲ့အကြောင်း ရေးသားထားပါတယ်။ အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်နိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေ ကူညီပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T