နေ့စဉ်ကိုယ်တိုင်ချက်ပြုတ်ကာ ပြည်သူတွေအတွက် ဟင်းတွေလှူဒါန်းပေးခဲ့တဲ့ ဆရာတော်တစ်ပါးရဲ့ကြည်ညိုဖွယ်ပုံရိပ်များ

//s9.kh1.co/d2/d2ffd3206d2de314b91004cf5acb914a7c6a1fff.jpg
နေ့စဉ်သတင်းများ

 ၀၅-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကူးစက်မှုအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စား၀တ်နေရေးကြပ်တည်းနေကြတဲ့အပြင် သေဆုံးသူဦးရေတွေဟာလည်း နေ့စဉ်နဲ့အမျှ ထောင်နဲ့ချီနေတာဖြစ်ပါတယ်။ အခုလို အခြေအနေအမျိုးမျိုးကြောင့် ပြည်သူချင်း ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြပြီး တတ်နိုင်တဲ့ဘက်ကနေ ငွေကြေး၊အစားအသောက်၊ဆေးဝါးစတာတွေကို ကူညီ‌ပေးနေကြတာကိုတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ပြည်သူတွေမှာ ပြည်သူတွေပဲရှိတာကြောင့် အချင်းချင်းကူညီရိုင်းပင်းနေကြပြီး ဘာသာပေါင်းစုံမှ အကြီးအကဲတွေကိုယ်တိုင်လည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြတာကိုတွေ့ရပါတယ်။ ကိုဗစ်လူနာတွေအတွက် ကိုယ်တိုင် PPE၀တ်စုံ၀တ်ကာ ကူညီပေးနေကြတဲ့ သံဃာတော်တွေလည်းရှိသလို ခရစ်ယာန်သာသနာပြု sisterကြီးတွေကလည်း ကူညီပေးနေတာကို တွေ့ရပါတယ်။ ဒါ့ပြင် အစ္စလာမ်ဘာသာ၀င်တွေကလည်း အောက်ဆီဂျင်အိုးတွေနဲ့ oximeterတွေကို တတ်နိုင်သ၍ဈေးလျှော့ရောင်းပေးနေကြပြီး တစ်ဖက်တစ်လမ်းကနေကူညီနေကြတာကိုတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုအခါမှာလည်း သံဃာတော်တစ်ပါးဟာ ဒကာ၊ဒကာမတွေ စား၀တ်နေရေးပြေလည်စေဖို့အတွက် ကိုယ်တိုင်ချက်ပြုတ်ကာ ရပ်ရွာထဲလည်ပြီး လှူဒါန်းပေးနေတာဖြစ်ပါတယ်။ ဦးဇင်းရဲ့ မေတ္တာစေတနာတွေနဲ့ ကူညီတတ်တဲ့ စိတ်ထားလေးကတော့ တကယ်ကို ချီးကျူးဂုဏ်ယူစရာကောင်းလွန်းလှပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T