အောက်ဆီဂျင်စက်ဝယ်ထားပြီး ကူညီမယ့်သူမရှိဖြစ်နေတဲ့ ပြည်သူတစ်ဦးကို Video Call ဖြင့် တပ်ဆင်နည်းအသေးစိတ်ကို ရှင်းပြပေးနေတဲ့ စိန်ဖြိုးလှိုင်

//s9.kh1.co/b2/b2756df940e7feca987d7180c6aa1dc87f0c33b7.jpeg
အနုပညာရှင်များ

 ၀၅-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောအခြေအနေမှာ ကိုဗစ်ရောဂါကူးစက်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားနေဆဲ ဖြစ်ပါတယ်။အောက်ဆီဂျင်ရှုသွင်းဖို့ လိုအပ်နေတဲ့ပြည်သူတွေလည်း ဒုနဲ့ဒေးရှိနေကြတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်အိုးရှားပါးမှုပြသနာကြောင့် အသက်ဆုံးရှုံးသွားကြသူများလည်း စိတ်မကောင်းစွာဖြင့် နေ့စဉ်ကြားနေရဆဲ ဖြစ်ပါတယ်။အလှူရှင်တစ်ချို့ကလည်း အောက်ဆီဂျင်အိုးတွေနဲ့ စက်တွေကို ပြည်ပကနေ ဝယ်ယူပြီး လိုအပ်နေတဲ့ ပြည်သူတစ်ချို့ကို ဌားရမ်းပေးနေကြတာကိုလည်း ဝမ်းသာစွာဖြင့် ကြားသိရပါတယ်။

Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 

တစ်ချို့ပြည်သူတွေမှာ oxygen concentrator ဝယ်ယူထားပြီး တပ်ဆင်နည်းကို မသိကြသူများလည်း ရှိနေကြတာဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း Sein Phyo&Yi ဆိုတဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုလေးတစ်ခုတင်ပေးထားတာ ဖြစ်ပါတယ်။ ဒါကတော့ oxygen concentrator ဝယ်ယူပြီး တပ်ဆင်နည်းမသိတဲ့ ပြည်သူတစ်ဦးကိုvideo call ခေါ်ပြီး သေချာရှင်းပြနေတဲ့ စိန်ဖြိုးလှိုင်ရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။  စက်ကိုတော့ ချစ်သူ ရီရီပွင့်ဖြူမှကိုယ်တိုင်သွားပို့ခဲ့ပြီး စိန်ဖြိုးလှိုင်မှ အွန်လိုင်းကနေ တပ်ဆင်နည်း ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။ 

Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 

စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ဦးဟာ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကူးစက်ခြင်းမှ ကင်းဝေးစေရန် နေထိုင်စားသောက်ပုံတွေကို ဝေမျှပေးနေပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဗဟုသုတရရှိစေမယ့်အကြောင်းအရာတွေကို ရေးသားပေးနေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေသိရှိလိုတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာတွေကိုလည်း SeinPhyo&Yi Facebook Page messenger မှတစ်ဆင့် မေးမြန်းနိုင်ကြောင်းလည်း သတင်းစကားပါးထားပါတယ်။ အားလုံးသိရှိလိုတဲ့ ကျန်းမာရေးဗဟုသုတတွေကို ဝေမျှပေးနေတဲ့ စိန်ဖြိုးလှိုင်တို့ ချစ်သူနှစ်ဦးလည်းကပ်ဆိုးကြီးဘေးကနေ ကင်းဝေးပါစေလို့ ဆုတောင်းပေးရင်း ဒီဗီဒီယိုဖိုင်လေးကိုပါ ဗဟုသုတအနေနဲ့ ကြည့်ရှုကြစေဖို့ တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Sein Phyo & Yi’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T