သစ်ပင်တစ်ပင်ထဲနဲ့ ပြုလုပ်ထားတာကြောင့် ဂင်းနစ်စံချိန်တင်သွားတဲ့ သစ်သားပန်းပုရုပ်ထုကြီး

//s9.kh1.co/82/82038553b2e32985d2a35072f48c524b3871b1fc.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပန်းပု လက်မှု အနုပညာဟာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လူမျိုးအသီးသီးမှာ ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်အဖြစ် တည်ရှိနေတာကြောင့် နိုင်ငံတိုင်းနီးပါးမှာ ပန်းပုရုပ်ထုများကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ပန်းပု ထုလုပ်သူရဲ့ လက်ရာ၊ ထုလုပ်တဲ့ ပစ္စည်း၊ အရွယ်ပမာဏနှင့် ပုံသဏ္ဍာန်ပေါ် မူတည်ပြီး ပန်းပုရုပ်များဟာ မရေမတွက် နိုင်လောက်အောင် များပြားပြီး ယနေ့ထိတိုင် တည်ရှိပါတယ်။ ပန်းပုလက်ရာဆိုတာကလည်း အသေးစိတ်ကျတဲ့ အနုပညာတစ်ခုပါပဲ။

https://s9.kh1.co/__image/w=650,h=422,q=100/3d/3d52b96d44bdbef09407622f34782dbd69738ebf.jpeg
https://s9.kh1.co/__image/w=600,h=381,q=100/71/71c266550d017b63252fb54437b98aaa4c44bb0d.jpg

ပန်းပုထုလုပ်တဲ့ အနုပညာဟာ အရွယ်အစားကြီးလေ၊ ခက်ခဲလေ ဖြစ်ပေမယ့်လည်း ပန်းပုပညာရှင်များရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်များကြောင့် ကမ္ဘာကျော် ရုပ်ထုများကို နိုင်ငံအသီးသီးမှာ မြင်တွေ့နိုင်ကြမှာဖြစ်ပါတယ်။ ခုဆိုရင်လည်း ကမ္ဘာပေါ်မှာ အကြီးဆုံး သစ်သားရုပ်ထုဟု သတ်မှတ်ထားတဲ့ ပန်းပုလက်ရာကို တရုတ်လက်မှုပညာရှင် Zheng Chunhui က ထုလုပ်ခဲ့ပါတယ်။ သူထုလုပ်ခဲ့တဲ့ ပန်းပုလက်ရာဟာဆိုရင် ပေ ၄၀ မျှ ရှည်လျားပြီး မျက်မှောက်ခေတ် အကောင်းဆုံး လက်ရာလို့လည်း သတ်မှတ်လို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/40/4093e2a8bf147b8cae58b1a154bbfcaa8b3c146b.jpg

၂၀၁၃ ခုနှစ်မှာ အဲ့ရုပ်ထုကို ဖွင့်လှစ်ခဲ့ပြီး ဂင်းနစ်စ် ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ တစ်ဆက်တည်း အရှည်လျားဆုံး သစ်သားပန်းပုရုပ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အဲ့ပန်းပုရုပ်ကို သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည် တစ်ခုတည်းနဲ့ ထွင်းထုထားတာ ဖြစ်ပါတယ်။ သစ်ပင် အရွယ်အစားကြီးမားပြီး ရှုပ်ထွေးတဲ့ အနုစိတ်ထုလုပ်ရမှုများကြောင့် ပန်းပုပညာရှင် "Zheng Chunhui" ဟာ အဆိုပါ ရုပ်ထုကို လေးနှစ်ကြာ ထုဆစ်ခဲ့ရပါတယ်။ အဲ့ဒီသစ်သားပန်းပုရုပ်ထုမှာဆိုရင် အဆောက်အအုံများ၊ သစ်ပင်များ၊ တောင်များ၊ မြစ်များ၊ လှေများ၊ တံတားများ၊ မိုးတိမ်များနှင့် လူ ရုပ် ၅၅၀ ရုပ်လည်း ပါရှိပါသေးတယ်။ တော်တော်ကို လှပပြီးသေသပ်တဲ့ အနုပညာတစ်ခုပါပဲ။

https://s9.kh1.co/__image/w=650,h=390,q=100/eb/eb8ba9ba2da5033017e6ff3eee5d882afe22fbd8.jpg

သတင်း အရင်းအမြစ်Guinness world records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T