ညသန်းခေါင်ကျော်မှ အသည်းအသန်ဖြစ်နေတဲ့လူနာဆီ သူကိုယ်တိုင်လိုက်လာပြီး အသက်လုပေးခဲ့ပေမယ့် စိတ်မကောင်းစွာလှည့်ပြန်ခဲ့ရတဲ့ ဝေဠုကျော်

//s9.kh1.co/b0/b0aa4748feb57649a13c4d6152a89b8fc686a929.jpeg
အနုပညာရှင်များ

 ၀၅-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ညသန်းခေါင်ကျော်မှ အသည်းအသန်ဖြစ်နေတဲ့လူနာဆီ သူကိုယ်တိုင်လိုက်လာပြီး အသက်လုပေးခဲ့ပေမယ့် စိတ်မကောင်းစွာလှည့်ပြန်ခဲ့ရတဲ့ ဝေဠုကျော်

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်ကတော့ ပြည်သူတွေရဲ့အခက်အခဲကို ကူညီပေးဖို့အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းဆိုပြီး တည်ထောင်ထားတာဖြစ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းမှ ကိုဗစ်ကာလအတွင်းမှာလည်း ပြည်သူတွေရဲ့ကျန်းမာရေးကို တတ်နိုင်သလောက်စောင့်ရှောက်ပေးတာဖြစ်ပါတယ်။ပြည်သူတွေအတွက်ဘယ်အချိန်မဆို အဆင်သင့်ရှိနေကြပြီး ဖုန်းဆက်ခေါ်လိုက်ရင် အချိန်မရွေးသွားရောက်ကူညီပေးကြတာဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation 
Photo Credit:Wai Lu Kyaw Foundation 
Photo Credit:Wai Lu Kyaw Foundation 
Photo Credit:Wai Lu Kyaw Foundation 

မနေ့ညကဆိုရင်လည်း ဝေဠုကျော်တို့အဖွဲ့မှ ဆီးချို၊သွေးတိုး၊နှလုံးရောဂါအခံရှိတဲ့ အမျိုးသားတစ်ဦးဆီကို ညသန်းခေါင်ကျော်မှ သွားခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအမျိုးသားကတော့ နောက်ဆုံးအခြေအနေကျမှ ဝေဠုကျော်တို့အဖွဲ့ဆီ ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်ကိုယ်တိုင် အဲ့ဒီအိမ်ကိုလိုက်လာပြီးအသည်းအသန်ဖြစ်နေတဲ့ လူနာအမျိုးသားကို ရှေးဦးသူနာပြုနည်းတွေနဲ့ အသက်ကယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation 
Photo Credit:Wai Lu Kyaw Foundation 
Photo Credit:Wai Lu Kyaw Foundation 
Photo Credit:Wai Lu Kyaw Foundation 

ဝေဠုကျော်ကတော့ ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်လိုမျိုး သတ်မှတ်ပြီး ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် ကူညီခဲ့ပေမယ့် စိတ်မကောင်းစွာလှည့်ပြန်လာခဲ့ရတာဖြစ်ပါတယ်။လူနာအမျိုးသားကလည်း နောက်ဆုံးအခြေအနေဖြစ်တာကြောင့် အသက်မမှီတော့ဘဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ပြည်သူတွေကိုစောင့်ရှောက်ပေးနေတဲ့ ဝေဠုကျော်တို့ပရဟိတအဖွဲ့ကတော့ အချိန်မရွေး၊နေရာမရွေး အကောင်းဆုံး ကူညီဖေးမပေးနေကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation 
Photo Credit:Wai Lu Kyaw Foundation 
Photo Credit:Wai Lu Kyaw Foundation 
Photo Credit:Wai Lu Kyaw Foundation 

Source&Photo Credit:Wai Lu Kyaw Foundation 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T