ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ဦးအတွက် ယူကြုံးမရဝမ်းနည်းနေကြတဲ့ အနုပညာရှင်များ

//s9.kh1.co/7a/7a3361a872fcd10215483f5bad19b94084e73a7f.jpeg
အနုပညာရှင်များ

 ၀၅-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီနေ့မနက်ပိုင်းက မိတ်ကပ်ဖန်တီးရှင်လောကမှာ ဝမ်းနည်းစရာသတင်းတစ်ခု ကြားသိခဲ့ရပါတယ်။ ဒါကတော့ကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားတဲ့ makeup artist ခိုင်ခိုင်ရဲ့ သတင်းပဲ ဖြစ်ပါတယ်။ခိုင်ခိုင်ကိုတော့  အနုပညာရှင်များသာမကဘဲ ပရိသတ်တွေကပါ ချစ်ခင်ကြတာ ဖြစ်ပါတယ်။ အဆိုတော် Ar T ရဲ့live တော်တော်များများမှာလည်း ခိုင်ခိုင်ကို မြင်တွေ့ရတာကြောင့် သူ့ကို ပရိသတ်တွေက ရင်းနှီးနေကြတာ ဖြစ်ပါတယ်။

Photo Crd-Khaing Khaing’s Facebook Account 
Photo Crd-Khaing Khaing’s Facebook Account 
Photo Crd-Khaing Khaing’s Facebook Account 
Photo Crd-Khaing Khaing’s Facebook Account 

ဒီသတင်းကြောင့် သရုပ်ဆောင်တစ်ချို့ကလည်း ဝမ်းနည်းခံစားနေရကြောင်း သူတို့ရဲ့ လူမှုကွန်ယက်တွင် ရေးသားထားကြတာ ဖြစ်ပါတယ်။သရုပ်ဆောင် ဆောင်းဝတ်ရည်မေကလည်း   ခိုင်ခိုင်ဟာ သူမရဲ့ ပင်တိုင်မိတ်ကပ်ဆရာမတစ်ဦးဖြစ်ပြီး shooting တိုင်းလိုလို အမြဲလိုက်ပေးခဲ့တဲ့ အမှတ်တရတွေကို ရေးသား  ပြောပြထားတာပါ။ ခိုင်ခိုင်ဆုံးသွားတာကို အခုထိမယုံနိုင်သေးဘဲ စနေတယ်လို့သာ ထင်မှတ်မိနေကြောင်းကိုလည်း ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo Crd-Hsaung Wutyee May’s Facebook Account 
Photo Crd-Hsaung Wutyee May’s Facebook Account 
Photo Crd-Khaing Khaing’s Facebook Account 
Photo Crd-Khaing Khaing’s Facebook Account 

မချောကို မလျှောဆိုပြီး ခေါ်တတ်တဲ့ အသံလေးလို့ နောက်ထပ်မကြားရတော့မှာ ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်နေပြီး အရမ်းကြောက်တတ်တဲ့သူက ဒီလမ်းကို ရွေးချယ်သွားတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းနည်းနေကြောင်း သရုပ်ဆောင် ချောရတနာရဲ့Facebook အကောင့်တွင် ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်းပျော်ပျော်နေတတ်တဲ့ ခိုင်ခိုင်တစ်ယောက် အခုလို လုပ်ရက်မျိုးကို ရွေးချယ်သွားတာကို မယုံနိုင်အောင်ကို ဖြစ်နေကြတာပါ။ လူတိုင်းကို အမြဲပျော်ရွှင်ရယ်မောရအောင် ဖန်တီးတတ်တဲ့ ခိုင်ခိုင်တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Chaw Yadanar’s,Hsaung Wutyee May’s and Khaing Khaing’s Facebook Account 

Photo Crd-Chaw Yadanar’s Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account 
Photo Crd-Chaw Yadanar’s Facebook Account&nbsp;<br>
Photo Crd-Chaw Yadanar’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T