အောက်ဆီဂျင်လှူဒါန်းမှု ၄ကြိမ်မြောက်အနေနဲ့ Oxygen concentratorတွေကို ၀ယ်ယူပြီးသေချာလှူဒါန်းပေးသွားမယ့် ခိုင်နှင်းဝေ

//s9.kh1.co/1d/1d7b8f861b22025d90900f056b9531be66cfd936.jpg
အနုပညာရှင်များ

 ၀၅-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော Covid တတိယလှိုင်းမှာ သေဆုံးသူများပြားလျက်ရှိပြီး ပြည်သူတွေဟာလည်း မိမိတို့ရဲ့ဘဝနေထိုင်မှုမှာ သတိကြီးစွာနဲ့နေထိုင်နေရတဲ့ အခြေအနေဖြစ်နေတာတွေ့ရပါတယ်။ အခုလို အခြေအနေအမျိုးမျိုးကြောင့် ပြည်သူချင်း ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြပြီး တတ်နိုင်တဲ့ဘက်ကနေ ငွေကြေး၊အစားအသောက်၊ဆေးဝါးစတာတွေကို ကူညီ‌ပေးနေကြတာကိုတွေ့ရပါတယ်။

Photo credit-​ Khine Hnin Wai's Facebook acc
Photo credit-​ Khine Hnin Wai's Facebook acc

ပရဟိတအဖွဲ့အစည်းတွေနဲ့လည်း တတ်နိုင်သ၍ကူညီလှူဒါန်းမှုတွေပြုလုပ်ပေးနေကြပြီး အာ့ထဲမှာဆိုရင် ပရဟိတမင်းသမီးချောခိုင်နှင်းဝေလည်း အပါအ၀င်ဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ မိဘမဲ့ဂေဟာကိုလည်းဦးစီးနေတဲ့အပြင် လတ်တလောပြည်သူတွေကြုံတွေ့နေရတဲ့ အောက်ဆီဂျင်အခက်အခဲတွေ၊ စား၀တ်နေရေးအခက်အခဲတွေနဲ့ ရေဘေးသင့်အခက်အခဲတွေကိုပါ စိတ်အားတက်ကြွစွာနဲ့ပါ၀င် ကူညီပေးနေတာကို တွေ့ရပါတယ်။

Photo credit-​ Khine Hnin Wai's Facebook acc
Photo credit-​ Khine Hnin Wai's Facebook acc
Photo credit-​ Khine Hnin Wai's Facebook acc
Photo credit-​ Khine Hnin Wai's Facebook acc

မကြာသေးမီကလည်း ခိုင်နှင်းဝေဟာ သူမရဲ့ Facebookစာမျက်နှာမှာ "မှာယူထားသော Oxygen Concentratorများ အလုံး (၂၀) ထပ် ရောက်လာပါပီရှင်...ကျန်ရှိနေတဲ့ ပစ္စည်းများ လဲ (၁၀) ရက်နေ့ ဝန်းကျင် ထပ်ရောက်ပါမယ်..ငွေကြေး မတတ်နိုင်သည့် အရးပေါ် လိုအပ်နေတဲ့ သူများကို စီစစ်ဌားရမ်းပေးသွားပါမယ်..ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံးရဲ့ စုပေါင်း ကုသိုလ်ယူသည့် အသက်ကယ် Oxygen ကူညီလှူဒါန်းမှု (၄) ကြိမ်မြောက်လေးပါရှင်..အရေးပေါ် လူနာ တစ် ရာကျော်ကိုလဲ ကူညီပေးထားနိုင်ပါတယ်..ဤ ကုသိုလ် အားလုံး တို့အား ထပ်တူ ထပ်မျှ ရရှိနိုင်ကြပါစေရှင်..???..." ဆိုပြီး ရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Khine Hnin Wai's Facebook acc
Photo credit-​ Khine Hnin Wai's Facebook acc

သတင်း အရင်းအမြစ်Khine Hnin Wai's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T