သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို အကြောင်းပြပြီး ကိုယ်ချင်းမစာမနာနဲ့ လုပ်စားနေကြသူတစ်ချို့ကို တစ်ခွန်းတည်းဒဲ့ပြောလိုက်တဲ့ ပရဟိတသမားတစ်ဦး

//s9.kh1.co/04/04c9806b3e14a8b81d9706f72778a08745514f9c.jpeg
နေ့စဉ်သတင်းများ

 ၀၅-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို အကြောင်းပြပြီး ကိုယ်ချင်းမစာမနာနဲ့ လုပ်စားနေကြသူတစ်ချို့ကို တစ်ခွန်းတည်းဒဲ့ပြောလိုက်တဲ့ ပရဟိတသမားတစ်ဦး

ဒီလိုအချိန်မျိုးမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ပရဟိတအလုပ်တွေဆောင်ရွက်နေကြတဲ့သူတွေကို ပြည်သူလူထုကလည်း အရမ်းလေးစားနေကြတာဖြစ်ပါတယ်။ရောဂါကူးစက်ခံရမှာကိုတောင် မမှုဘဲ ရုပ်အလောင်းတွေကို နေရာမရွေး သွားသယ်ပေးပြီး မီးသင်္ဂြိုလ်မယ့်နေရာကို ပို့ပေးနေကြတာဖြစ်ပါတယ်။သေဆုံးသူတွေလည်းများပြားတာကြောင့် ပရဟိတသမားတွေလည်း ခေါက်တုံ့ခေါက်ပြန်သယ်ဆောင်နေရပြီး သုသာန်တွေမှာလည်း စောင့်ဆိုင်းပေးနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပရဟိတသမားတွေလည်း တစ်ခါတလေဆိုရင် ထမင်းစားချိန်တောင်မမှန်တဲ့အပြင် ကြုံတဲ့နေရာမှာ အဆင်ပြေသလိုစားသောက်နေကြတာဖြစ်ပါတယ်။ပရဟိတအဖွဲ့တွေကတော့ ပြည်သူတွေကို မေတ္တာအပြည့်နဲ့ကူညီပေးပေမယ့် တချို့လူတွေကတော့ သေဆုံးသူတွေကိုတောင် အကြောင်းပြပြီး လုပ်စားနေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ပရဟိတသမားတစ်ယောက်က သူ့ကိုအကူအညီတောင်းလာတဲ့ ကိစ္စတစ်ခုကို ကာယကံရှင်ရဲ့ရှေ့မှာတင်ပဲစေတနာနဲ့ကူညီပေးလိုက်တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒါကတော့ သေဆုံးသူရဲ့ရုပ်အလောင်းကို အကြမ်းထည် ဂူသွင်းသင်္ဂြိုလ်ဖို့အတွက် တိုက်ရိုက်ချိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တချို့သူတွေဆိုရင် အဲ့ဒီလိုချိတ်ဆက်ပေးတဲ့အချိန်မှာ ကြားထဲကနေ အမြတ်စားလိုက်တာတွေလည်းရှိပါတယ်။အဲ့ဒီပရဟိတသမားကတော့ “အလောင်းပါးစပ်ထဲကနေတော့ ပိုက်ဆံနှိုက်မထုတ်ဘူး”ဆိုပြီးစေတနာသန့်သန့်နဲ့ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သူက သေဆုံးသူတွေနဲ့ပတ်သက်ပြီး လုပ်စားနေကြသူတချို့ကိုလည်း စိတ်ထဲရှိတဲ့အတိုင်းရွံတဲ့အကြောင်းကို ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T