ပုံမှန်လမ်းန‌ဲ့မတူပဲ သဘာ၀တရားကြီးကို ဆန့်ကျင်နေတဲ့ Gravity Hill လမ်းများရဲ့ Video

//s9.kh1.co/95/950b21d6cea8fb2fb44388f7ad01d560580d97bf.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာ့နေရာ ဒေသအသီးသီးမှာ ခရီးသွားလာမှု လွယ်ကူချောမွေ့စေရန် လမ်းများကို ဖောက်လုပ်ခဲ့ကြရာ ပုံမှန်မဟုတ်ပဲ ထူးခြားတဲ့ လမ်းများလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီလမ်းများဟာ နိုင်ငံတိုင်းလိုလိုမှာ ဖြစ်ပေါ်နေပြီး ယနေ့ထိတိုင် စိတ်ဝင်စားစရာ လမ်းများအဖြစ် တည်ရှိနေပါတယ်။ အဲ့ဒီလမ်းတွေထဲကမှ "Gravity Hill" (ကမ္ဘာ့ဆွဲငင်အားတောင်တန်း) လမ်းများအကြောင်းကတော့ စိတ်၀င်စားဖို့ကောင်းပြီး ဖြေရှင်းမရတဲ့ လမ်းတွေလို့တောင် ပြောလို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/c8/c801aff9c3dc9454c9c097d68cc897d216b319fb.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0b/0b13a0ad7009d72fe2ad071805c2806ef1d03615.jpg

ကမ္ဘာ့ ဆွဲငင်အားတောင်တန်းလို့ခေါ်တဲ့ နေရာများဟာ ရူပဗေဒဆိုင်ရာ သီအိုရီများကို ဆန့်ကျင်နေတဲ့ ဒေသများ ဖြစ်တာကြောင့် ထင်ရှားကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ အဲ့တောင်တန်းမှာ ဖောက်လုပ်ထားတဲ့ လမ်းဟာ ကမ္ဘာပေါ်ရှိတဲ့ လမ်းများနဲ့တူတယ်ထင်ရပေမယ့် လမ်းရဲ့ အောက်ခြေပိုင်းမှာ ကားတစ်စီးကို ရပ်ထားပါက အ‌ဲ့ကားဟာ တောင်အောက်သို့ လိမ့်ဆင်းမသွားဘဲ လမ်းအတိုင်းတောင်ပေါ်သို့ တက်လာတာကြောင့် ထူးဆန်းတဲ့ မှော်လမ်းများအဖြစ် လူသိများခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/03/03586853a55b8ebb1e7f1a27da97d052d3959f31.jpg
https://s9.kh1.co/__image/w=650,h=434,q=100/8b/8bac84a4348d5188e6a81fc8684e3224dc85d639.jpg

အချို့ကလည်း အဲ့လမ်းများကို သံလိုက်လမ်းများဟု ခေါ်ဆိုခဲ့ကြပါတယ်။ ကမ္ဘာမြေဆွဲအားဆိုင်ရာ ရူပဗေဒ သီအိုရီကို ဆန့်ကျင်နေခြင်းဟာ ဘေးပတ်ဝန်းကျင်ရဲ့ အမြင်အာရုံ လှည့်စားမှုတစ်ခုသာ ဖြစ်တာလို့လည်း ဆိုကြပါတယ်။ တောင်များရဲ့ တည်နေရာများကို အင်တာနက်ပေါ်တွင် အတိအကျ ရှာဖွေကြည့်ရှုနိုင်ပြီး အဲ့ထဲကလမ်းတချို့ကိုလည်း ပုံရိပ်တွေနဲ့တကွ ပြသပေးထားပြီး Video လည်းဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T