ပေါင်မြို့မှာ အောက်စီဂျင်စက်ရုံတည်ဆောက်ရေး ပြုလုပ်နေစဉ် မမျှော်လင့်ထားတဲ့ ထိတ်လန့်ဖွယ်ဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ လုပ်သားများ

//s9.kh1.co/e3/e3b93373c43e502214fb15698112ca9f367a785c.png
နေ့စဉ်သတင်းများ

 ၀၅-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလောလိုအပ်ချက်တွေအရ မြို့တိုင်းနယ်တိုင်းလိုလိုမှာ အောက်စီဂျင်စက်ရုံ တည်ဆောက်မှုတွေရှိလာခဲ့ပြီး ပြည်သူအများရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ ကိုယ်ထူကိုယ်ထ ကြိုးစားနေခဲ့ကြပါတယ်။ အောက်စီဂျင်လိုအပ်သူလူနာတွေများပြားနေပြီး အချိန်မီအောက်စီဂျင်မရရှိတာမို့ အသက်ဆုံးရှုံးတာတွေမဖြစ်ရလေအောင် ရပ်မိရပ်ဖတွေနဲ့ ငွေကြေးလှူဒါန်းသူတွေပူးပေါင်းပြီး အောက်စီဂျင်စက်ရုံတွေတည်ထောင်ခဲ့ပြီး လည်ပတ်နေပြီဖြစ်တဲ့ မြို့တွေမှာတော့ အောက်စီဂျင်ရှာရတဲ့ ဒုက္ခတွေအနည်းငယ်လျော့ပါးသွားတဲ့ အခြေအနေဖြစ်နေခဲ့ပါပြီ။

Photo Credit - 36 Myanmar's FB Acc
Photo Credit - 36 Myanmar's FB Acc
Photo Credit - 36 Myanmar's FB Acc
Photo Credit - 36 Myanmar's FB Acc

ဒီနေ့မှာလည်း ပေါင်မြို့မှာ အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့ မြေနေရာတူးတဲ့အချိန်မှာတော့ အလျား (၁၀) ပေခန့်ရှည်ပြီး လုံးပတ် (၁၀) လက်မခန့်ကြီးမားတဲ့ စပါးကြီးမြွေတစ်ကောင်ကို တွေ့ရှိခဲ့ကြပါတယ်။ ဒီလိုတွေ့ရှိခဲ့ပြီးနောက်မှာ နတ်မှော်ကျေးရွာ စပ္ပါနဂိုရ်နန်းဦးဓာတ်တော်တိုက် ကျောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ပို့ဆောင်ခဲ့ကြပါတယ်။ ဒီလိုပို့ဆောင်တဲ့အပေါ်မှာလည်း တတ်သိနားလည်သူတွေဟာ တောရိုင်းတိရိစ္ဆာန်တွေကို မတော်တဆတွေ့ကြုံခဲ့ရင် ဘေးလွတ်ရာကို ပို့ဆောင်ပေးသင့်ကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Photo Credit - 36 Myanmar's FB Acc
Photo Credit - 36 Myanmar's FB Acc

အလုပ်လုပ်နေရင်းနဲ့ ဒီလိုမြွေအကြီးကြီးမြင်လိုက်ရတဲ့အချိန်မှာ အနည်းနဲ့အများတော့ ထိတ်လန့်သွားကြမှာအမှန်ပါပဲ။ ပြည်သူအကျိုးအတွက် ပင်ပင်ပန်းပန်းလုပ်ပေးနေကြတဲ့ လုပ်သားတွေကို တကယ်ပဲကျေးဇူးတင်မိပါတယ်။ ဖြစ်ပွားနေတဲ့ရောဂါတွေကို အချိန်မီထိန်းချုပ်နိုင်ဖို့နဲ့ ကူးစက်မှုလျော့ချဖို့ဆိုတာ လူထုရဲ့ကြိုးစားအားထုတ်မှုက အတော်လေးအရေးပါပါတယ်။ ပြည်သူတစ်ရပ်လုံး စည်းစည်းလုံးလုံးရင်ဆိုင်မယ်ဆိုရင် ဘယ်လိုအန္တရာယ်တွေကမှ မထိုးဖောက်နိုင်တော့ဘူးဆိုတာ သေချာပါတယ်။

Photo Credit - 36 Myanmar's FB Acc
Photo Credit - 36 Myanmar's FB Acc
Photo Credit - 36 Myanmar's FB Acc
Photo Credit - 36 Myanmar's FB Acc

သတင်း အရင်းအမြစ်36 Myanmar's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T