ထူးခြားတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတာကြောင့် ခရီးသွားတွေကို ဆွဲဆောင်လေ့ရှိတဲ့ ကျောက်လက်ဖဝါး တံတားကြီး

//s9.kh1.co/09/09ef7d0f78e83a4f32ebf27dbe67678ca094133e.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာ ထူးဆန်းပြီး လှပတဲ့ တံတားများစွာ ရှိတဲ့ အထဲမှာမှ ထူးထူးဆန်းဆန်း ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ တံတား တစ်စင်းအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီတံတားကတော့ ဗီယက်နမ်နိုင်ငံမှာ တည်ရှိတဲ့ Golden Bridge ဆိုတဲ့ တံတားပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=327,q=100/80/8069045c76649d37e5257ef083eb39b5fd9a453a.jpg
https://s9.kh1.co/__image/w=600,h=295,q=100/84/84e812d537c56801af1c335507f4394787bb344c.jpg

ဒီတံတားရဲ့ ထူးခြားချက်ကတော့ အလွန်ကြီးမားလွန်းလှတဲ့ ကျောက်လက်ဖဝါးကြီး နှစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကျောက်လက်ကြီးတွေဟာ တံတားရဲ့ ကိုယ်ထည်ကို ကိုင်ထားသလို တည်ဆောက်ထားတာကြောင့် မြင်ရသူတွေကို အမြင်တစ်မျိုးဆန်းစေပါတယ်။ ဗီယက်နမ်က Da Nang မြို့ရဲ့အပြင်ဘက်မှာ တည်ဆောက်ထားတဲ့ ဒီတံတားဟာ Ba Na တောင်စောင်းမှာတည်ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/93/93fd40956934b5bcafff85d69f42e9d15151ab4e.jpg
https://s9.kh1.co/__image/w=600,h=315,q=100/25/25bcc92a25ae6c517b792ad83590ed3b7176afa6.jpg

တံတားရဲ့ အရှည်ဟာ ၁၄၀၀ မီတာ ရှည်လျားကာ တောတောင် သဘာဝတွေ ကြားထဲမှာ တည်ဆောက်ထားတာကြောင့် လာရောက်လည်ပတ်သူတွေဟာ လေကောင်းလေသန့်တွေကို ရှုနိုင်တဲ့အပြင် သဘာဝတရားကြီးရဲ့ အလှအပတွေကို တဝကြီး ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။ တံတားရဲ့ ပုံစံကလည်း အဝေးကကြည့်ရင် လူတစ်ယောက်က ကိုင်ပေးထားတဲ့ ပုံစံနဲ့တူနေပါတယ်။ ဒါကြောင့်ပဲ ဒီတံတားကြီးဟာ ရိုးရိုးတံတားနဲ့မတူ ထူးဆန်းလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/b3/b30474b740c5c323bcfe9c1019d779ce905df13b.jpg
https://s9.kh1.co/__image/w=600,h=750,q=100/09/0963936ac61c2086ddb13829ea539db52e9cb2ce.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T