ယနေ့ခေတ်မှာ ဘယ်အမျိုးသမီးမှ မမှီနိုင်လောက်အောင် အင်မတန် အရပ်ရှည်ခဲ့ကြတဲ့ အမျိုးသမီးများ

//s9.kh1.co/e6/e6d1561a8be0e22a2c94dd5d88cd4ea27c1ebd59.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Giant ဆိုတဲ့ ဧရာမလူကြီး မျိုးနွယ်တွေဟာ ယောကျာ်းမိန်းမ မခွဲခြားပဲ ရှိကြပါတယ်။ အရပ်ရှည်တဲ့ အမျိုးတွေဟာဆိုရင်လည်း ယောကျာ်းမိန်းမ မခွဲပဲ ရှိပါတယ်။ ဒါကြောင့်ပဲ ခုဆိုရင်တော့ ကမ္ဘာအရပ်အရှည်ဆုံးအဖြစ် ရှိခဲ့ကြတဲ့ အမျိုးသမီးများကို ဖော်ပြသွားမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=943,q=100/b0/b06612d77748bb31cd1813039289436c37e3a2e1.jpg

Sandy Allen ဟာဆိုရင် ၁၉၅၅ခုနှစ်တုန်းက မွေးဖွားခဲ့ပြီး သူအသက်ရှင်ရှိနေခဲ့တဲ့အချိန်မှာ အရပ်ဟာ ၇ပေ ၆လက်မ ရှိပါတယ်။ ဆပ်ကပ်အဖွဲ့မှာလုပ်ခဲ့ပြီး မင်းသမီးတစ်ယောက်အနေနဲ့လည်း လုပ်ခဲ့ကာ သူမအသက်ရှင်နေတဲ့ ကာလမှာတော့ သူမဟာအရပ်အရှည်ဆုံးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=832,q=100/b5/b569be80f8688e01fed07cace7ed33f4fae3d583.jpg

၂၀၁၁ခုနှစ်မှာ အရပ်အရှည်ဆုံးကတော့ Yao Defen ပဲဖြစ်ကာ အရပ်ကတော့ ၇ပေ ၈လက်မရှိပါတယ်။

https://s9.kh1.co/__image/w=600,h=948,q=100/02/02359ffd7478836afca16404515ef85be0a49e45.jpg

Jane Bunford ကတော့ အရပ် ၇ပေ ၁၁လက်မရှိကာ သူမ ရှိခဲ့တာကိုပဲ သိခဲ့ကြပြီး ပုံတွေတစ်ပုံမှ မရှိခဲ့ကြပါဘူး။ သူမဟာ အင်္ဂလန်မှာနေတာဖြစ်ပြီး ၂၀၀၁ခုနှစ်တုန်းက ကမ္ဘာ့အရှည်ဆုံး လူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ သူတို့တွေဟာ သူရဲ့အရိုးပုံတွေကိုပဲ ပြခဲ့ကြတာမို့ ခုပုံကတော့ ခပ်မှန်းပြီးဆွဲထားတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=810,q=100/58/5836f9c5d43162e5b82da746c9f642e1ddfbc6d3.jpg

၁၈၄၆ခုနှစ် ကနေဒါမှာ မွေးဖွာခဲ့တဲ့ Anna Haining Bates ကတော့ ၇ ပေ ၆လက်မရှိပါတယ်။ သူမကတော့ ကမ္ဘာအနှံ့မှာရှိတဲ့ ဆပ်ကပ်ထဲမှာ အရပ်အရှည်ဆုံးသူဖြစ်ပါတယ်။ သူဟာ အရမ်းအရပ်ရှည်တဲ့သူနဲ့လက်ထပ်ခဲ့ပြီး ကလေး ၂ယောက်ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=517,q=100/ce/ce06b2873aa8a070d3d917abdd2c5a394a7e430d.jpg

ဆေးဆိုင်ရာ သမိုင်းထဲမှာ အရပ်အရှည်ဆုံးအဖြစ် အမြဲရှိနေခဲ့တဲ့ သူကတော့ Zeng Jinlian ပဲဖြစ်ပါတယ်။ သူလောက် အရပ်ရှည်မယ့်သူလည်း မရှိလောက်တော့ဘူးလို့ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ အရပ်ဟာဆိုရင် ၈ပေ ၂လက်မ နီးပါရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် ၁၉၆၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၈၂ မတိုင်ခင်ထိ နေထိုင်ခဲ့ပါတယ်။ ခုဖော်ပြသွားတဲ့ အမျိုးသမီးတွေကတော့ ကမ္ဘာ့အရပ်အရှည်ဆုံးအဖြစ်ရှိနေခဲ့ကြတဲ့ အမျိုးသမီး ၅ယောက်ပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်List 25

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T