ပုံမှန်တိရစ္ဆာန်တွေနဲ့ မတူပဲ ကွဲပြားစွာ ပေါက်ဖွားရှင်သန်လာခဲ့ကြတဲ့ တိရစ္ဆာန်များ

//s9.kh1.co/38/38c0c25c9aeac8d53c8d5c4cd309a902b16563d2.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

တစ်ခါတစ်ရံမှာ ပုံမှန်မဟုတ်တဲ့ ထူးခြားဆန်းပြားတဲ့ အကောင်တွေကို တွေ့ဖူးကြမှာပါ။ သူတို့တွေ ဘယ်လိုဖြစ်လာလဲ ဆိုတာကတော့ သက်ရှိမျိုးစိတ်မွေးဖွားတဲ့စနစ်မှာ ဖြစ်လေ့ဖြစ်ထ မရှိတဲ့ အရာတွေပေါ်လာတာကြောင့်ပဲ ဖြစ်ပါတယ်။ ခုဖော်ပြသွားမယ့် တိရစ္ဆာန်တွေကလည်း တကယ့်ကို ပုံမှန်မဟုတ်ပဲ ထူးခြားတဲ့ တိရစ္ဆာန်တွေပဲဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက တရုတ်တောင်ပိုင်းမှာ ထူးခြားဆန်းပြားစွာပဲ မြွေတစ်ကောင်မှာ ခြေထောက်တစ်ချောင်းပါနေတာကိုတွေ့ရှိခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=357,q=100/a7/a7b6b50fbce17b460095872fc07907f002fab61e.jpg

UK မှာဆိုရင်တော့ ကလေးတစ်အုပ်စုဟာ ထူးခြားဆန်းပြားစွာ ခေါင်း ၃လုံးဖားကိုတွေ့ရှိခဲ့ကြပါတယ်။ ခြေထောက်ဟာလည်း ၆ချောင်းတောင်ပါဝင်ခဲ့ကာ အဲ့ဒီလိုဖားမ‌ျိုးကို ပထမဆုံးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=354,q=100/6d/6d94070bd2dd9181229975315d568307e4ad00f3.jpg

တစ်နှစ်တုန်းကဆိုရင် တရုတ်နိုင်ငံက ပုံမှန်ထက် နှစ်ဆ ခန္ဓာကိုယ်တောင့်တင်းတဲ့ ခွေးကို မွေးဖွားနိုင်ခဲ့ပါတယ်။ သုတေသနတွေပြုလုပ်ပြီး မွေးဖွားထားတာကြောင့် ပုံမှာတွေ့တဲ့အတိုင်းပါပဲ တောင့်တင်းနေတဲ့ ခွေးကြီးကို တွေ့ရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=857,q=100/61/61f12a08bb12cfa54a17e7536bb04db24d1df9f3.jpg

ခြေလေးချောင်ပါတဲ့ ဘဲလေးကတော့ လူတွေမျိုးဖောက်ထားတဲ့ ဘဲလေးဖြစ်ပါတယ်။ လူတွေရဲ့ နည်းပညာဟာဆိုရင်လည်း တော်ရုံတန်ရုံမဟုတ်တာတွေ့ရှိရမှာပါ။

https://s9.kh1.co/__image/w=600,h=766,q=100/3e/3eb9e2aa2f0f463466942dca2d21494b5c478ae2.jpg

Russia မှာဆိုရင်တော့ ထူခြားဆန်းပြားစွာ ပုံမှန်မဟုတ်တဲ့ ဖားတွေကိုဖမ်းမိခဲ့ပါတယ်။ အဲ့ဖားတွေကတော့ ပရိတ်သတ်ကြီးပုံမှာတွေ့တဲ့အတိုင်းပါပဲ သူတို့ရဲ့ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နေရပါတယ်။ အရိုးတွေ ခြေထောက်တွေ နဲ့ သူတို့အသက်ရှူနေတဲ့ နှလုံးကိုပါတွေ့ရှိရပါတယ်။

https://s9.kh1.co/__image/w=600,h=435,q=100/85/8568020415f9f7b474369d14764a159511673051.jpg

နှာခေါင်းနှစ်ခုပါတဲ့ ခွေးကတော့ Toby လို့ခေါ်ပြီး သူရဲ့ပိုင်ရှင်ကတော့ ဂီတလောကထဲက Todd Ray ပဲဖြစ်ပါတယ်။ ခွေးလေးဟာဆိုရင် သီချင်းသံတွေကြားရင် ပျော်ရွှင်နေတတ်ပြီး နှားခေါင်းနှစ်ခုပါနေတာမို့ သာမန်ထက်ပိုပြီး အနံခံကောင်းပါတယ်။  

https://s9.kh1.co/__image/w=600,h=546,q=100/ba/ba2a3d61484920ae0c7ef8929189f879ca8c099f.jpg

သတင်း အရင်းအမြစ်List 25

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T