ဖမ်းဆီးရသမျှ လူမိုက်ကြီးတွေရဲ့ ဓါးတွေနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဗြိတိန်နိုင်ငံက ရုပ်ထုကြီး

//s9.kh1.co/eb/eb1b9683b482837c9976274f3106f8b1a01d9a24.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဗြိတိန်နိုင်ငံမှာ တည်ရှိတဲ့ စတန်းဖိုဒ့်ရှိုင်းယားနယ်မှာ ထုလုပ်ပြီးစီးခဲ့တဲ့ ရုပ်ထုတစ်ခုဟာဆိုရင် ဓားတွေနဲ့ ပြုလုပ်ထားပါတယ်။ ဒီရုပ်ထုကြီးရဲ့ အမြင့်ကတော့ ၈မီတာရှိတယ်လို့လည်း သိရပါတယ်။ ရုပ်ထုကြီးရဲ့ နာမည်ကိုတော့ Knife Angel လို့ အမည်ပေးထားပြီး ထုလုပ်ထားတဲ့ လက်ရာဟာ ကြည့်လိုက်တဲ့သူတိုင်းကို တအံ့တဩ ဖြစ်စေခဲ့ရပါတယ်။

https://s9.kh1.co/__image/w=615,h=923,q=100/a8/a89f61b1bd2fbb52d53782fc1d62d017a700904e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/c8/c8bbff619913b5b1e38700a8c1896a8dd391e8de.jpg

ဒီရုပ်ထုကို ဓားတွေနဲ့သာ ပြုလုပ်ထားပြီး ရုပ်ထုဖြစ်ပေါ်လာဖို့ အတွက် ဓားအရွယ်အစားမျိုးစုံ တစ်သိန်းကျော်နဲ့ ပြုလုပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ထုကို ဖန်တီးပေးထားသူက တော့ Alfie Bradley ဖြစ်ပြီး ရုပ်ထုရဲ့ မျက်နှာနဲ့ လက်ချောင်းတွေမှအပ ကျန်တဲ့အစိတ်အပိုင်း အားလုံးကို ဓားတွေနဲ့သာ ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။

https://s9.kh1.co/__image/w=624,h=351,q=100/3c/3c0d83431902a5a35bca56ffef6c08cc326daef0.jpg
https://s9.kh1.co/__image/w=634,h=383,q=100/29/2970fb1c9ef75388f5330f3e0875f33eb8992be3.jpg

ရုပ်ထုကို ဖန်တီးရာမှာ အသုံးပြုထားတဲ့ ဓားတွေကတော့ အဲ့ဒီဒေသက ရဲဌာနမှာ ဖမ်းဆီးသိမ်းမိထားတဲ့ ဓားတွေကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ ယခုလို ဓားရုပ်ထုကို ဖန်တီးထားတဲ့ ရည်ရွယ်ချက်ကတော့ လူအချင်းချင်း ချစ်ခြင်းမေတ္တာတရားထားတတ်ဖို့နဲ့ ရန်ပွဲတွေ ငြိမ်းအေးသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တယ်လို့ သိရှိရပါတယ်။

https://s9.kh1.co/__image/w=615,h=409,q=100/de/de243ab11c7bab1f09f4fc368d4bc9b563c7ef54.jpg
https://s9.kh1.co/__image/w=650,h=418,q=100/39/398bcfb8b7cffaa174d939a34fe4d32c71396440.png

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T