ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းနေပေမယ့်လည်း အရှုံးမပေးပဲ ဘ၀ကို စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ကြိုးစားခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/ae/ae64b2f93edfca83873651337211f5afff288114.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးမှာကတော့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းနေသော်လည်း မော်လ်ဒယ်တစ်ယောက် မင်းသမီးတစ်ယောက် ဖြစ်လာခဲ့တဲ့ ကောင်မလေး တစ်ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သူမရဲ့ နာမည်ကတော့ Melanie Gaydos ဖြစ်ပြီး အသက် ၂၈ နှစ်ရှိပြီ ဖြစ်ကာ လက်ရှိမှာ မော်လ်ဒယ်နဲ့မင်းသမီးအလုပ်ကို လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/9c/9cc57cfbb0bdd21b70b0da9d60ae0a86353934a0.jpg
https://s9.kh1.co/__image/w=600,h=400,q=100/01/013b1938766eb3b38759a5ccd050e703d83a5923.jpg

သူမဟာ မွေးရာပါ မျိုးရိုးဗီဇချွတ်ယွင်းတဲ့ Ectodermal dysplasia ဆိုတဲ့ ရောဂါကိုခံစားနေရတာဖြစ်ပြီး ဒီရောဂါကို ခံစားရသူဟာ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ Gaydos ကလေးဘဝအရွယ်တုန်းက သူမရဲ့ ပါးစပ် ၊ မျက်လုံးနဲ့ ၊ နားရွက်တို့ကို အဆင်ပြေတည့်မတ်စေဖို့အတွက် ခွဲစိတ်မှုပေါင်း ၄၀ ကျော်ကို ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=750,q=100/e4/e499ed37363d876958a6079c52900a54f2c61a0a.jpg
https://s9.kh1.co/__image/w=600,h=600,q=100/2d/2df0896f4ba3c5c7040d727c5325ad3c6e30f46a.jpg

အသက်အရွယ်ရောက်လာတဲ့ အခါမှာတော့ သူမဟာ ဓါတ်ပုံပညာရပ်ကို လေ့လာဆည်းပူးနေခဲ့တာဖြစ်ပြီး သူမရဲ့သူငယ်ချင်းဖြစ်သူက ဓါတ်ပုံရိုက်ဖို့ ကမ်းလှမ်းခဲ့ရာမှ မော်လ်ဒယ်လောကထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုအခါမှာတော့ သူမဟာ လူသိများပြီး အောင်မြင်တဲ့ မော်လ်ဒယ်ဖြစ်နေပီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/70/7042145ede06195480c7f690f98d3db1ebd61e3b.jpg
https://s9.kh1.co/__image/w=650,h=366,q=100/8b/8ba68017d595e87c6619547af52826d9604af4af.jpg

“ ကျွန်မ ဘဝက မွေးကတည်းက မပြည့်စုံဘူးဆိုတာ သိပါတယ်.. ဒါပေမယ့်လည်း ဒါတွေက ကျွန်မ ပြင်လို့ရတဲ့အရာတွေမှ မဟုတ်တာ … တကယ်တော့ လက်ရှိဘဝမှာ ဘယ်လို အကောင်းဆုံးနေထိုင်သွားမလဲဆိုတဲ့ စိတ်ရှိနေဖို့ပဲ အရေးကြီးပါတယ်။ ဒီလောကကြီးမှာ ပြီးပြည့်စုံနေတဲ့ လူဆိုတာမရှိပါဘူး…ဒါ့ကြောင့်စိတ်ကျစရာလည်း မလိုပါဘူး …” ဆိုပြီး သူမကို မေးမြန်းတဲ့ အင်တာဗျူး တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/10/1065b70efee2c4cf141c739b5963b5e4315092dc.jpg

သတင်း အရင်းအမြစ်Boredpanda

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T