ချစ်ရေးလာဆိုတဲ့ အဖိုကင်းမြီးကောက်တွေကို စားသုံးလေ့ရှိတဲ့ အမကင်းမြီးကောက်များ

//s9.kh1.co/c9/c964b0be79b6c9d590251fbcab148212b54b131b.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကင်းမြီးကောက်ကို ကမ္ဘာအနှံ့အပြား အပူပိုင်း သစ်တော၊ သဲကန္တာရနှင့်တကွ နှင်းကျတဲ့အရပ်ဒေသမှာပင် တွေ့ရပါတယ်။ ကင်းမြီးကောက်တို့ရဲ့အစာများမှာ သေးငယ်သောပိုးမွှား၊ ပင့်ကူ၊ ဖွတ်ပုတတ်မျိုးဝင်အကောင်ငယ်များ၊ ဖားပြုပ်၊ ပက်ကျိ၊ ခရု ပက်ကျိ စတဲ့ အကောင်ကလေးများအပြင် ကြွက်စသော နို့တိုက်သတ္တဝါကလေးများ ဖြစ်ကြပါတယ်။ ကင်းမြီးကောက်တွေဟာ သူတို့ကို နှောင့်ယှက်ရန်စခြင်းမပြုလျှင် ရန်မမူ တတ်ပဲ လူကိုလည်း သာမန်အားဖြင့် ရန်ပြုဖို့ ခက်ခဲလှပါတယ်။

https://s9.kh1.co/__image/w=600,h=413,q=100/a6/a6899c440de97621c5c9aa4c81bcc77bc1b2ba67.jpg
https://s9.kh1.co/__image/w=600,h=337,q=100/5e/5ea435af8033853e9d85a6f4543cf156ca25c4d5.jpg

ထူးဆန်းတဲ့ အချက်ကတော့ ကင်းမြီးကောက်တွေရဲ့ ချစ်တင်းနှီးနှောပုံမှာ များစွာ စိတ်ဝင် စားဖွယ်ကောင်းလှပြီး ကင်းမြီးကောက်အမဟာ အဖိုထက် ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး မိမိထံ ကင်းမြီးကောက် အဖိုတစ်ကောင်လာပြီး ချစ်ရေးဆိုလျက်ရှိစဉ် သဘောကောင်းချိန်နဲ့ ကြုံကြိုက်ပြီး စိတ်ကြိုက်နှင့်တွေ့ပါက ကြည်သာစွာပင် လက်ခံတတ်ပြီး အခန့်မသင့်ပါက အဲ့ဒီအဖိုကိုကိုက်သတ်ပြီး စားပစ်တတ်ပါတယ်။ နှစ်ဦးနှစ်ဝ ချစ်ရေးကြည်ဖြူခဲ့လျှင် အဖိုဟာ အမရဲ့လက်မ ၂ ဖက်ကို မိမိ၏လက်မများဖြင့် ညှပ်လျက် အချိန်အတော်ကြာအောင် စုံတွဲလျှက်နေပြီးနောက် မိမိခိုအောင်းရာသို့ ခေါ်ဆောင်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း ကာလအတော်ကြာမျှ အတူတကွနေထိုင်ပြီးတဲ့အခါ အမဟာအဖိုကို စားပစ်လိုက်တာက များပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/b7/b741db0658547fa7ae100fc23d3518e136ce7ea4.jpg
https://s9.kh1.co/__image/w=600,h=450,q=100/23/234ab7eee175678937c7aff55656c6d8db3388e5.jpg

ဒါပေမယ့်လည်း ကင်းမြီးကောက်အမတွေဟာ မိမိသားငယ်များ အပေါ်မှာတော့ များစွာခင်မင်ကြင်နာသည်ကို တွေ့ရတတ်ပါတယ်။ ကင်းမြီး ကောက်တွေဟာ အကောင်လိုက်ပေါက်ဖွားကြပြီး မိခင် ကင်းမြီးကောက်မကြီးဟာ သားငယ်များကို ကျောပေါ်မှာ သယ်ဆောင်ပြီး သွားလာလေ့ရှိပါတယ်။ ကင်းမြီးကောက်ပေါက်စတွေဟာ ကိုယ်လုံးကိုယ်ထည်ငယ်သည်မှအပ အမိအဖဖြစ်သော ကင်းမြီးကောက် ကြီးများနှင့် ပုံသဏ္ဌာန်ချင်းတူလှပြီး ကြိမ်ဖန်များစွာအရေလဲပြီးမှသာ တဖြည်းဖြည်း ကြီးပြင်းကြရတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=452,q=100/f7/f73fddd7353f354464d976156b58a54906b9cb05.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T