မြွေအရှင်တွေကို အစိမ်းလိုက် ဝါးစားပြပြီး နာမည်ကြီးသွားတဲ့ အိန္ဒိယ အမ‌ျိုးသားတစ်ယောက်ရဲ့ Video

//s9.kh1.co/16/16f434e05ca2c3d79caf76fb102c5a8e61d0af36.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အခုတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ ထူးထူးဆန်းဆန်းအကြောင်းအရာတွေထဲကမှ မြွေအရှင်တွေကို အစိမ်းလိုက်စားပြတဲ့ လူတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကတော့ စူတာရီနာရက်ဆိုသူဖြစ်ပြီး အိန္ဒိယနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ ကလေးသုံးယောက်ဖခင်ဖြစ်တဲ့ နာရက်ဟာ အရင်ကတော့ သာမန် လယ်အလုပ်ပဲ လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/2c/2c07d89668b0b596132031eb397c6827a357b1a4.jpg
https://s9.kh1.co/__image/w=600,h=450,q=100/41/414e6e90eab280f023696f2af41b35bab82f8a0b.jpg

နောက်ပိုင်းမှာတော့ မြွေတွေကို အရှင်စားပြနေတာကြောင့် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ နာရက်ဟာ မြွေအရှင်တွေကို အခုမှ စားပြနေတာမဟုတ်ပဲ သူငယ်စဉ်ကတည်းက သူငယ်ချင်းတေွနဲ့ စိန်ခေါ်ခဲ့ရာမှ စပြီး စားပြလာခဲ့ရာကနေ စတင်လာခဲ့တယ်လို့လည်း သိရပါတယ်။ အခုဆိုရင် နာရက်ဟာ မြွေအရှင်တွေကို စားပြနေတာကြောင့် သူ့မြို့လေးမှာ နာမည်ကြီးလာခဲ့ပြီး ရှိုးတစ်ခုအဖြစ် ပြစားလာရသည်အထိ ဖြစ်လာခဲ့တာကြောင့် အပိုဝင်ငွေတွေလည်း ရရှိနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/59/594a80b8e5c69bf9467187165c0dec8caa7e0167.jpg
https://s9.kh1.co/__image/w=600,h=450,q=100/1e/1e5e78ca86d18e7e8f6daead2f49b14368d52290.jpg

မြွေသားတွေကို နောက်ပိုင်းမှာ နိုင်ငံတော်တော်များများ စားသုံးနေကြပြီး အထူးသဖြင့် တရုတ်နိုင်ငံမှာ မြွေသားကို ကျန်းမာရေးအတွက် စားသုံးကြသူ များပြားလာကြပါတယ်။ မြွေသားကို အမျိုးမျိုး ချက်ပြုတ်စားသောက်ကြကာ မြွေဈေးဆိုပြီး သီးသန့်ဖွင့်ထားတာတောင် ရှိပါသေးတယ်။ အောက်မှာဆိုရင်တော့ အသည်းငယ်သူတွေ မကြည်သင့်တဲ့ နာရက်ရဲ့ မြွေစားပြတဲ့ Video ကို ဖော်ပြလိုက်ပါတယ်။

သတင်း အရင်းအမြစ်Boldsky

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T