သေစေနိုင်လောက်တဲ့ မတော်တဆမှုဖြစ်ခဲ့ပေမယ့် အသက်မဆုံးရှုံးပဲ ရုပ်ရှင်ကားထဲကလို စူပါပါဝါ ရရှိလာတဲ့ ကလေးငယ်

//s9.kh1.co/b6/b6d2bfa6fa79a0b953d7c0dbd2618053bdd6c2f5.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လူ့ခန္တာကိုယ်ဆိုတာ တကယ်ကိုထူးဆန်းတဲ့ စက်ကြီးလို့ ပြောလို့ရမယ်ထင်ပါတယ်။ အစာစား ရေသောက် အနားယူမှုတွေလုပ်ရုံနဲ့ ပုံမှန်မပြတ်လည်ပတ်နေပြီး အလုပ်တွေကို ပြီးမြောက်အောင် စွမ်းဆောင်ပေးနိုင်‌ေနလို့ပါ။ ဒါပေမယ့် ခန္တာကိုယ်ချင်းတူတာတောင် လုပ်ဆောင်နိုင်မှု စွမ်းရည်တွေတော့အသီးသီး ကွာကြပါတယ်။ ဒီတစ်ခုကတော့ အက်ဆီးဒင့်တစ်ခုကို ပြင်းပြင်းထန်ထန်ဖြစ်ရာကနေ တခြားလူတွေနဲ့မတူဘဲ တမူထူးခြားတဲ့ စွမ်းရည်တွေကို ရရှိသွားပြီး လုပ်ဆောင်နိုင်မှုစွမ်းရည်တွေ ကွာသွားခဲ့ရတဲ့ ကလေးငယ်လေးရဲ့အကြောင်းပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/cb/cbcaeca3ebd73ae7b80652dec65b052da4ff8efd.jpg

သူ့ရဲ့နာမည်ကတော့ Nikolai Kryaglyachenko လို့ခေါ်ပြီးတော့ အသက် ၁၂နှစ်သာရှိသေးတဲ့ ကျောင်းသားကလေးငယ်လေးတစ်ဦးပါ။ ရုရှားနိုင်ငံက ဖြစ်ပြီးတော့ ကြီးမားတဲ့ လျှပ်စစ်ရှော့ တစ်ခုကြောင့် အစွမ်းတွေရလာခဲ့တာပဲဖြစ်ပါတယ်။ တစ်နေ့ Niko တစ်ယောက် ကျောင်းလွှတ်လို့ အိမ်အပြန် သူလျှောက်လာတဲ့ လူသွားလမ်းမှာ ဓာတ်တိုင်ကနေ ပြတ်ကျနေတဲ့ ဝိုင်ယာကြိုးစတစ်ခုကို အမှတ်တမဲ့ တက်နင်းမိခဲ့ပါတယ်။ သူ့ရဲ့ဖိနပ်မှာလည်းရေစိုနေတာ‌ေကြာင့် အကြီးအကျယ်ဓာတ်လိုက်ပြီးတော့ အဆိုပါနေရာမှတင် လဲကျခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ဘာမှမဖြစ်တဲ့အတိုင်းပြန်လည်ထလာနိုင်ခဲ့ပြီးတော့ အိမ်ကိုအရောက်ပြန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/5d/5da6063cf8fb9d46b8ec8703c3e9b8ed39260504.jpg

အိမ်ရောက်တော့ မိခင်ဖြစ်သူကိုပြောပြခဲ့ပေမယ့် ထွေထွေထူးထူးသိပ်စိတ်ပူမနေခဲ့ပါဘူး။ ဒီလိုနဲ့နောက်နေ့မနက်ရောက်တော့ အိပ်ရာထထချင်းမှာပဲ သူခန္တာကိုယ်မှာ အကြွေစေ့လေးကပ်နေတာကို သတိထားမိခဲ့ပါတယ်။ ထမင်းစားတဲ့အခါမှာလည်း ဇွန်းဟာ သူရဲ့ ရင်ဘက်မှာလာကပ်နေတာကို တွေ့ရပါတယ်။ ဒီနောက်မှာတော့ Nikoလေးဟာ သံလိုက်လူသားအဖြစ်နဲ့ သူတို့နေထိုင်ရာ မြို့လေးတစ်ဝိုက်မှာကျော်ကြားခဲ့ပြီး နောက်ပိုင်းမှာတော့ မီဒီယာတွေကြောင် နိုင်ငံအနှံ့အပြားထိကို ကျော်ကြားခဲ့ရပါတယ်နော်။ TV Channelတွေမှာတောင် Nikoလေး ကိုတွေ့မြင်နိုင်တဲ့အထိ ရေပန်းစားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/ab/aba9b58ad210935cad6dd3bbf4c24482ac0dbbb2.jpg
https://s9.kh1.co/__image/w=600,h=400,q=100/cf/cfcc8b1f30566d65454cda1e0e6b2095c0c9361c.jpg

သတင်း အရင်းအမြစ်Daily mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T