ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၆-၈-၂၀၁၇)ရက် နံနက် (၀၉းဝ၀)နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ် အော် မှာ မ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မစ်ဝကျွန်းပေါ်ဒေသ တွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပြီး၊ကျန်ဒေသ တွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

အနောက်တောင်မုတ်သုံလေအခြေအနေ။

ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့မှာ မုတ်သုံလေ အားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြစ်ဝကျွန်းပေါ်၊ မုတ္ထကွေ့ နှင့် မွန်- တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန် ပင်လယ်ပြင်မှာလှိုင်းအသင့်အတင့် မှ လှိုင်းကြီး နိုင််ပြီး၊ ကျန်မြန်မာကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် မှာ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္ထကွေ့ နှင့် မွန်- တနင်္သာရီ ကမ်းရိုးတန်းနှင့်ကမ်းလွန် တွေမှာ လှိုင်းအမြင့် (၅)ပေခန့် မှ (၇)ပေခန့် ရှိနိုင်ပြီး၊ ကျန်မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၃)ပေခန့် မှ (၄)ပေခန့် ရှိနိုင် ပါတယ်။

နေ့အပူချိန်များအခြေအနေ။

နေ့အပူချိန်များ ဟာ ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ နှင့် ကယားပြည်နယ် တို့မှာ 24°C–27°C ခန့်၊ကျန် ဒေသ တွေမှာ 28°C–32°C ရှိနိုင် ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊

တစ်ပြည်လုံး မှာ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့် တွင် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ဖို့အလားအလာအခြေအနေ။

တပြည်လုံးတွင် မိုးတိမ်တောင်ဖြစ်ဖို့အလားအလာ အခြေအနေမှာ သေချာမှု ၁၅% မှ ၃၅% ခန့် ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။၊

ရှမ်းပြည်နယ်၊ကယားပြည်နယ်စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့မှာ နေရာစိပ်စိပ် ကျန်ဒေသတွေမှာ နေရာအနှ့ံအပြား မိုးထစ်ချုန်းရွာ ပါမယ်။

ဒေါက်တာထွန်းလွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။