Empire State အဆောက်အဦးကြီးရဲ့ ၈၆ထပ်ကနေ ခုန်ချခဲ့ပေမယ့် အလှမပျက်ပဲ သေဆုံးခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/32/32560bd4b66ce7b5d3abd9d4f71dbe5b486abb38.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သူမ နာမည်ကတော့ Evelyn McHale ဖြစ်ပါတယ်။ နယူးယောက်လို မြို့ကြီးပြကြီးမှာနေထိုင်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ ၁၉၂၃ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့ မေလ(၁)ရက် ၁၉၄၇ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ Vincent နဲ့ Helen McHaleတို့ရဲ့ သမီးလိမ္မာလေး တစ်ယောက်လည်းဖြစ်ပြီး စာအုပ်အရောင်းဆိုင်တစ်ဆိုင်မှာအလုပ်လုပ်ကာ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ရှာပေးနေသူပါ။

https://s9.kh1.co/__image/w=375,h=449,q=100/7b/7b2a582a44ae6b6a1915cbb6b534a858f125aa62.jpeg
https://s9.kh1.co/__image/w=650,h=468,q=100/23/2322e0b799a1e252436def4a5601760440f310fe.jpg

သူမကိုယ့်ကိုယ်ကိုသတ်မသေခင် ပထမတစ်နေ့ ဧပရယ် (၃၀)ရက်နေ့က သူနဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်းဆီကို သွားရောက်ပြီးတော့ သူမရဲ့သတို့သားလောင်း ဖြစ်သူရဲ့ ၂၄နှစ်ပြည့်မွေးနေ့ကို အတူတူကျင်းပပေးခဲ့ပါသေးတယ်။ သေဆုံးစဉ်မှာတော့ သူမဟာ ၁၀၂ ထပ်တိတိရှိတဲ့ Empire State အဆောက်အဦးကြီးရဲ့ ၈၆ ထပ်မြောက်အထပ်ကနေပြီးတော့ ခုန်ချပြီးကိုယ့်ဘာသာ သတ်သေခဲ့ခြင်းဖြစ်ပါတယ်။ လုံခြုံရေးတွေ ရဲတွေရှေ့မှာတင်ခုန်ချခဲ့တာပဲဖြစ်ပါတယ်။ သူမအနားကိုကပ်ကာ လှမ်းဖမ်းနိုင်ဖို့ခြေဆယ်လှမ်းအကွာလေးတင်မှာပဲ ခုန်ချသွားခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=457,q=100/0c/0c49b662f20053db9c6a1cefab2ee22492426bc7.jpg
https://s9.kh1.co/__image/w=600,h=616,q=100/10/10679b0a85983e38e35cb88ec991200447aadbda.jpg

ပြင်းထန်စွာကျခဲ့တဲ့ အရှိန်ကြောင့် တာဝါရဲ့ အောက်မှာရှိတဲ့ Luxury ထုတ်ကားမှာ ကြေမွ ပိန်ချိုင့်သွားခဲ့ပါတယ်။ သူမသေဆုံးပြီး လေးမိနစ်အကြာမှာတော့ ကျောင်းသား ဓာတ်ပုံဆရာ တစ်ယောက်က မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီခေတ် အဲ့ဒီကာလမှာလည်း ဒီပုံဟာ သတင်းစာတွေထဲမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရပါတယ်။ ဘာလို့အဲ့လောက်ထိ ဖြစ်ခဲ့ရလည်းဆိုတော့ ၈၆ထပ်အမြင့်ကနေ ခုန်ချခဲ့တဲ့ သူမရဲ့ အလောင်းဟာ လုံးဝသွေးထွက်သံယို မဖြစ်ခဲ့တဲ့ အပြင် အလှတောင်ပျက်မနေခဲ့ပါဘူး။ ဒါကြောင့်ပဲ သူမရဲ့ဒီဖြစ်စဉ်ကြောင့် " The Most Beautiful Suicide " ဆိုပြီး လူတွေကသတ်မှတ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=524,q=100/7b/7b6476a099b94ea2c82c8b4b57e14fa4170a4c8f.jpg

သတင်း အရင်းအမြစ်allthatsinteresting

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T