မြွေဟောက်ကကိုက်လို့ ပြန်ကိုက်သတ်ရာမှ အမှတ်မထင်ပဲ နာမည်ကြီးပြီး ချမ်းသာလာသူ

//s9.kh1.co/05/054e19219c80b1178fbe033e809aca21fe11add0.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြွေဟောက်ဆိုတဲ့ သတ္တဝါဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးနဲ့ အန္တရာယ်အများဆုံးသတ္တဝါထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ အဆိပ်ဟာ အလွန်ပြင်းထန်လွန်းတာကြောင့် အကိုက်ခံရတဲ့ သတ္တဝါဟာ မိနစ်ပိုင်းအတွင်း သေဆုံးသွားနိုင်ပါတယ်။ မြွေဟောက်တွေကို အာရှတိုက်ကနိုင်ငံတော်တော်များများမှာတွေ့နိုင်ပြီး သူတို့ဟာ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ အကောင်တွေပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/a1/a1b63ba05eb23fc6ec0391d5ffd0f7628f82526f.jpg

လူတစ်ချို့ဟာဆိုရင် မြွေဟောက်အကိုက်ခံရတာကြောင့် ခြေ၊လက် ဖြတ်ပစ်လိုက်ရတာတွေ ရှိပါတယ်။ ဒီလို လူတွေအတွက် အလွန် အန္တရာယ်ပေးတဲ့ မြွေဟောက်တွေကို ကစားစရာ အရုပ်သဖွယ်သဘောထားပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့ အမျိုးသား တစ်ယောက်ရှိပါတယ်။ ဒီအမျိုးသားရဲ့နာမည်ကတော့ Elies Lentorio လို့ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို ဖိလစ်ပိုင်နိုင်ငံမှာ မြွေဟောက်ဘုရင်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သူဘယ်လိုဖြစ်ပြီး ဒီလိုနာမည်ရသွားလဲဆိုတာကို ပရိသတ်ကြီးအတွက် စိတ်ဝင်စားဖွယ်ရာအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/43/43aa03c7b1b106f39dbd9e8e1af5213c77355a52.jpg

ဖြစ်ပုံကတော့ တစ်ရက်မှာ Elies Lentorio ဟာ မှတ်တမ်းရုံးတစ်ခုကို သွားဖို့အတွက် ဆိုင်ကယ်နှိုးရန် ပြင်ဆင်လိုက်ချိန်မှာ စက်နှိုးမရတာကြောင့် ဆိုင်ကယ် Tool Box ကို ဖွင့်ပြီး ဆီရှိ ၊ မရှိ စစ်ဖို့ ပြုလုပ်ခဲ့ပါတယ်။ အဲ့နောက် ဆိုင်ကယ် Tool Box ကို ဖွင့်လိုက်တဲ့အချိန်မှာတော့ မြွေဟောက်တစ်ကောင်ဟာ ရုတ်တရက် ထွက်လာပြီး သူ့ကို လှမ်းကိုက်လိုက်ပါတယ်။ ရုတ်တရက် လှမ်းကိုက်တာကြောင့် Elies ဟာ ရှောင်ချိန်မရှိပဲ လက်ကိုကိုက်မိသွားပါတယ်။ ဒီအချိန်မှာ Eliesဟာ ဒေါသထွက်သွားပြီး မြွေဟောက်ရဲ့ ခေါင်းကို ကိုင်ပြီး ခေါင်းပြတ်ထွက်သွားသည်အထိ ကိုက်ပလိုက်ကာ မြွေဟောက်ရဲ့ သွေးတွေကိုပါ မျိုချလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=667,q=100/49/49f4f98bbd7e82599b41341a2537b590539972dc.jpg

ပြီးတော့ Elies ဟာ အိမ်ကိုပြန်လာခဲ့ပြီး ဘာမှမဖြစ်သလိုနေခဲ့ပေမယ့် အိပ်ပျော်သွားတဲ့အချိန်မှာတော့ အဖျားတွေတက်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့နှုတ်ခမ်းတွေဟာ ပြာနှမ်းလာပြီး လက်တွေမှာလည်း အရည်ကြည်ဖုတွေ ထွက်လာပါတယ်။ ဒီလိုနဲ့ သူ့မိသားစုဟာ စိုးရိမ်လာပြီး Eliesကို ဆေးရုံပို့လိုက်ပါတယ်။ ဆေးရုံရောက်တော့ ဆရာဝန်က သူ့ကို အမျိုးမျိုး စမ်းသပ်ခဲ့ပေမယ့် ဘာမှမဖြစ်သလို သူ့ရဲ့ နှလုံးဟာလည်း ကောင်းမွန်စွာ အလုပ်လုပ်နေပါတယ်။ ဒီလိုနဲ့ နောက်တစ်ရက် ကြာတဲ့အခါမျာတော့ ဆေးရုံကနေ သူ့ကို ဆင်းခွင့်ပြုလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ Elies ဟာ ဘာမြွေကိုက်ကိုက် ဘယ်လိုမှမဖြစ်တော့ပဲ အဆိပ်တတ်တာမျိုးလည်း မရှိတော့ပါဘူး။ သူ့ကို လက်ရှိမှာတော့ မြွေဟောက်ဘုရင်လို့ ခေါ်နေကြပြီး အိမ်တွင်းမြွေရှာဖွေရေးအတွက် သူ့ကို လူတွေက ငှားခဲ့ကြတာကြောင့် အရင်ကထက်တောင် ချမ်းသာလာနေပါပြီ။

https://s9.kh1.co/__image/w=600,h=622,q=100/36/36f062f9b6eef4c51dd0542ca5acf2012932a3c1.jpg

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T