မြန်မာ့နွေဦးတော်လှန်ရေးအတွက် လန်ဒန်ကရန်ပုံငွေရှာပွဲတွင် တတပ်တအား ပါဝင်အားဖြည့်ပေးရန်တက်ရောက်လာခဲ့တဲ့ အမေစုရဲ့သားငယ်ကင်မ်

//s9.kh1.co/6b/6bf982fbca865c913a30f60ae728c26240f48a75.jpeg
နေ့စဉ်သတင်းများ

 ၂၃-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မြန်မာ့နွေဦးတော်လှန်ရေးအတွက် လန်ဒန်ကရန်ပုံငွေရှာပွဲတွင် တတပ်တအားပါဝင်အားဖြည့်ပေးရန်တက်ရောက်လာခဲ့တဲ့ အမေစုရဲ့သားငယ်ကင်မ်

ပြည်ပရောက်မြန်မာလူမျိုးတွေကတော့ မိမိတို့အမိမြေအတွက် ရေခြားမြေခြားရောက်နေတာတောင် တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေက ကိုရီးယား၊ဂျပန်၊ထိုင်း၊နယူးယောက်၊လန်ဒန် စတဲ့နိုင်ငံအသီးသီးမှာရောက်ရှိနေကြပြီး မြန်မာနိုင်ငံအရေးကို ကမ္ဘာကသိအောင်ဝိုင်းဝန်းကြိုးပမ်းပေးခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံအတွင်းကပြည်သူတွေရဲ့လိုအပ်ချက်တွေကိုလည်း ကိုယ်ချင်းစာနာပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိမိတို့ရောက်ရှိနေတဲ့နိုင်ငံတွေမှာ မြန်မာလူမျိုးတွေက ရန်ပုံငွေပွဲတွေ၊ဆန္ဒထုတ်ဖော်ပွဲတွေကို ဒီနေ့အချိန်ထိလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဩဂုတ်လ (၂၂)ရက်နေ့ကဆိုရင်လည်း လန်ဒန်မြို့မှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာ မြန်မာလူမျိုးတွေအပြင် နိုင်ငံခြားသားတွေကပါရန်ပုံငွေပွဲကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။အမေစုရဲ့သားငယ်ကင်မ်ကလည်း နွေဦးတော်လှန်ရေးစကတည်းက မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့် ကင်မ်က သူ့ရဲ့မိခင်လွတ်မြောက်ပြီး မြန်မာပြည်သူတွေဒီမိုကရေစီရရှိဖို့အတွက် တတ်နိုင်တဲ့နေရာကနေကြိုးစားပေးနေတာဖြစ်ပါတယ်။မနေ့ကရန်ပုံငွေပွဲမှာလည်း ကင်မ်က တတပ်တအား ပါဝင်အားဖြည့်ပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး မြန်မာအတွက်ကျင်းပပေးတဲ့ပွဲတိုင်းမှာ တက်ရောက်ပေးတဲ့ ကင်မ်ကို မြန်မာလူမျိုးတွေကလည်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။မြန်မာပြည်သူတွေနဲ့အတူ မြန်မာနိုင်ငံအတွက် ကူညီပေးနေတဲ့ ကင်မ်ရဲ့ပုံရိပ်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T