မျှော်လင့်ချက်မဲ့တဲ့ဘဝနဲ့အနာဂတ်ကိုတွေးမိပြီး ဒီတိုင်းပြည်မှာလူလာဖြစ်ရတာကြောင့် သူ့ရဲ့ခံစားချက်အမှန်ကိုထုတ်ဖော်ရေးသားလာခဲ့တဲ့ ငှက်ပျောကြော်

//s9.kh1.co/46/463cacd8b797ab2ce29324e562f481083bbdf483.jpeg
အနုပညာရှင်များ

 ၂၃-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မျှော်လင့်ချက်မဲ့တဲ့ဘဝနဲ့အနာဂတ်ကိုတွေးမိပြီး ဒီတိုင်းပြည်မှာလူလာဖြစ်ရတာကြောင့် သူ့ရဲ့ခံစားချက်အမှန်ကိုထုတ်ဖော်ရေးသားလာခဲ့တဲ့ ငှက်ပျောကြော်

ဟာသသရုပ်ဆောင်ငှက်ပျောကြော်ကတော့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် သူတတ်ကျွမ်းတဲ့အနုပညာနဲ့ ဖျော်ဖြေလာတာ နှစ်ပေါင်းအတော်ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ငှက်ပျောကြော်ကို အခုချိန်ထိ အားပေးချစ်ခင်ကြနေဆဲဖြစ်ပါတယ်။ဩဂုတ်လ (၇)ရက်နေ့က ရန်ကုန်မှာကျန်ခဲ့တဲ့ဇနီးနဲ့ သားနှစ်ယောက်တို့ဖျားကုန်ကြပြီ ဆိုကာ ငှက်ပျောကြော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးပြီး အသိပေးလာခဲ့တာဖြစ်ပါတယ်။

Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc

အခုချိန်မှာ အနုပညာရှင်တွေအပါအဝင် ပြည်သူတွေလည်း စီးပွါးရေး၊ကျန်းမာရေး စတဲ့အခြေအနေတွေ ခက်ခဲနေကြတာဖြစ်ပါတယ်။ငှက်ပျောကြော်ကလည်း အခုချိန်မှာ မိသားစုနဲ့ခွဲခွါနေထိုင်နေရပေမယ့် နေမကောင်းဖြစ်နေကြတဲ့ဇနီးနဲ့ကလေးတွေကို အဝေးကနေဖုန်းမကြာခဏဆက်ပြီး ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။လက်ရှိမှာတော့ငှက်ပျောကြော်ရဲ့ဇနီးနဲ့ကလေးတွေလည်း ပြန်ကျန်းမာလာကြပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်ကြတာဖြစ်ပါတယ်။

Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc

မြန်မာပြည်တွင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် လူကြီး၊လူငယ်မရွေး ရှေ့ဆက်လျှောက်လှမ်းဖို့အတွက်လမ်းပျောက်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ငှက်ပျောကြော်ကလည်း “မျှော်လင့်ချက်မဲ့တဲ့ဘဝနှင့်မရေရာတဲ့အနာဂါတ်ကိုတွေးမိရင်ဒီတိုင်းပြည်မှာလူလာဖြစ်ရတာ​တော်​တော်ကျက်သ​ရေတုန်းပါတယ်ဗျာ”ဆိုပြီး သူ့ရဲ့ခံစားချက်ကို ရေးသားထားတာဖြစ်ပါတယ်။မြန်မာပြည်တွင်းမှာနေထိုင်နေကြတဲ့ပြည်သူတွေလည်း အခက်အခဲတွေအမြန်ကင်းဝေးပါစေလို့ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc

Source&Photo Credit:NgaPyaw Kyaw’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T