သူမငယ်ငယ်က ပင်ပန်းဆင်းရဲခဲ့ပြီး ဆာလောင်ငတ်မွတ်ဖူးတဲ့ဒဏ်ကို ကောင်းကောင်းခံစားခဲ့ရကြောင်းကိုရင်ဖွင့်လာတဲ့ စူးရှထက်

//s9.kh1.co/44/44629619b6a06dc520baa6a3bf013a4eaf2c4d5a.jpeg
အနုပညာရှင်များ

 ၂၄-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူမငယ်ငယ်လေးက ပင်ပန်းဆင်းရဲခဲ့ပြီး ဆာလောင်ငတ်မွတ်ဖူးတဲ့ဒဏ်ကို ကောင်းကောင်းခံစားခဲ့ရကြောင်းကိုရင်ဖွင့်လာတဲ့ စူးရှထက်

အနုပညာလောကမှာလျှောက်လှမ်းနေတဲ့ မော်ဒယ်လ်စူးရှထက်ကတော့ ကိုယ်ပိုင်စီးပွါးရေးလေးကိုလည်းလုပ်ဆောင်ပြီး အလှူရေစက်လက်နဲ့မကွာသူတစ်ဦးဖြစ်ပါတယ်။စူးရှထက်က နွေဦးတော်လှန်ရေးအတွက်လည်းပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့သလို ကိုဗစ် ပထမလှိုင်းကတည်းက အခုတတိယလှိုင်းအထိ အခြေခံပြည်သူတွေကို ကူညီပေးနေတာဖြစ်ပါတယ်။သူမရဲ့ချွေးနည်းစာထဲကပဲ လိုအပ်သူတွေအတွက် တတ်နိုင်သလောက်ကိုအမြဲလှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc

ဒီရက်ပိုင်းမှာဆိုရင် စူးရှထက်က အလှူရှင်တွေရဲ့အလှူငွေနဲ့ သူမရဲ့လုပ်အားဒါနကိုပေါင်းပြီး အခြေခံစားသောက်ကုန်တွေကို လိုအပ်သူတွေအတွက် ဝေငှပေးနေတာဖြစ်ပါတယ်။သူမကိုယ်တိုင်ပဲ စျေးထဲကနေဟင်းသီးဟင်းရွက်တွေကို သေချာဝယ်ယူပြီး သူမရဲ့ဆိုင်ရှေ့မှာ လိုသလောက်လာယူခိုင်းတာဖြစ်ပါတယ်။စူးရှထက်ရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေကလည်း လေးစားနေကြပြီး အခုလိုလှူဒါန်းပေးလို့သာဓုခေါ်နေကြတာဖြစ်ပါတယ်။

Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc

စူးရှထက်ကလည်း သူမငယ်ငယ်လေးက ပင်ပန်းဆင်းရဲခဲ့ပြီး ဆာလောင်ငတ်မွတ်ဖူးတဲ့ဒဏ်ကိုကောင်းကောင်းခံစားခဲ့ရလို့ မရှိတဲ့သူတွေကို ကိုယ်ချင်းစာနေတာဖြစ်ပါတယ်။ဒါ့ကြောင့် သူမကအမြဲအလှူတွေလုပ်ပြီး အခြေခံပြည်သူတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေတာဖြစ်ပါတယ်။တစ်ရက်တာဟင်းချက်စရာအတွက် သူမရဲ့ဆိုင်ရှေ့မှာ လာယူကြတဲ့ပြည်သူတွေကို ကိုယ်တိုင်ဝေငှပေးနေတဲ့ စူးရှထက်ရဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc

Source&Photo Credit:Zar Chi Htay’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T