ကွယ်လွန်သွားတာ (၂)လပြည့်သွားပြီဖြစ်တဲ့ သားလေးအတွက် သူမရဲ့လက်မောင်းပေါ်မှာ နာနာကျင်ကျင်နဲ့ပဲTattoo ထပ်ထိုးခဲ့တဲ့ ရေမွန်ရဲ့မိခင်

//s9.kh1.co/98/985454f560c4b49f2972db6a31fcc1b564ad4ed7.jpeg
အနုပညာရှင်များ

 ၂၄-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကွယ်လွန်သွားတာ (၂)လပြည့်သွားပြီဖြစ်တဲ့ သားလေးအတွက် သူမရဲ့လက်မောင်းပေါ်မှာ နာနာကျင်ကျင်နဲ့ပဲTattoo ထပ်ထိုးခဲ့တဲ့ ရေမွန်ရဲ့မိခင်

ဇွန်လ (၂၃)ရက်နေ့က တောထဲမှာကွယ်လွန်သွားခဲ့တဲ့ အဆိုတော်ရေမွန်ကို ပရိသတ်တွေနဲ့ မိတ်ဆွေတွေက အခုချိန်ထိ နှမျောနေကြဆဲဖြစ်ပါတယ်။ရေမွန်ရဲ့သီချင်းတွေကို ပရိသတ်တွေက အမြဲနားထောင်ကြပြီး သူ့အတွက်ကိုယ်စားပြုတဲ့ သစ်ပင်လေးတွေလည်းစိုက်ပျိုးကြတာဖြစ်ပါတယ်။ဩဂုတ်လ (၂၃)ရက်၊မနေ့ကဆိုရင်တော့ ရေမွန်ကွယ်လွန်သွားခဲ့တာ (၂)လတိတိပြည့်သွားခဲ့ပြီဖြစ်ပါတယ်။အန်တီခင်မြတ်မွန်နဲ့ ညီမဖြစ်သူတို့ကလည်း ရေမွန်အတွက် ကုသိုလ်ကောင်းမှူတွေပြုလုပ်ပေးကြပါတယ်။

Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 

သားလိမ္မာလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့ အန်တီခင်မြတ်မွန်လည်း အခုချိန်ထိနာကျင်ခံစားနေရဆဲပဲဖြစ်ပါတယ်။အန်တီခင်မြတ်မွန်က သားလေးကို Surpriseလုပ်ဖို့အတွက် ဇွန်လ (၂၂)ရက်နေ့တွင် သူမရဲ့လက်ဖျံမှာနှင်းဆီပန်းပွင့်ပုံTattoo လေးထိုးခဲ့တာဖြစ်ပါတယ်။သားလေးက ဇွန်လ(၂၃)ရက်နေ့မှာ ကွယ်လွန်သွားလို့ သူမထိုးထားခဲ့တဲ့Tattoo လေးကို မပြလိုက်ရတာဖြစ်ပါတယ်။မနေ့က (၂)လပြည့်မှာလည်း ရေမွန့်မိခင်က သားလေးအတွက်မှတ်မှတ်ရရ Tattoo ထပ်ထိုးခဲ့တာဖြစ်ပါတယ်။

Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 

အန်တီခင်မြတ်မွန်က သူမရဲ့ဘဝမှာ ခန္ဓာကိုယ်ပေါ် Tattoo ထိုးဖြစ်ခဲ့မယ်လို့ တစ်ခါမှထင်မထားခဲ့တာဖြစ်ပါတယ်။အခုတော့လည်း သားလေးကိုချစ်တဲ့စိတ်နဲ့ အမှတ်တရလေးကျန်ရစ်နေအောင် သူမရဲ့လက်မောင်းပေါ်မှာ ရေမွန့်ရဲ့ပုံလေးကို Tattoo ထိုးလိုက်တာဖြစ်ပါတယ်။ရေမွန်ရဲ့မိခင်ကတော့ Tattoo ထိုးရတာနာကျင်ရပေမယ့်လည်း သားလေးရဲ့ပုံတူကို သေရာပါမယ့်အမှတ်တရလေးအဖြစ် ရေးထိုးခဲ့တဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 
Photo Credit:Khin Myat Mon’s Facebook Acc 

Source&Photo Credit:Khin Myat Mon’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T